မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ လီဗာပူလ်းအသင်းနဲ့ ဆီဗီလားအသင်းတို့ဟာ တစ်ဖက် ၂ ဂိုးစီနဲ့ သရေကြခဲ့ပြီး တစ်ယောက် ၁ မှတ်ခွဲယူခဲ့ကြပါတယ်။အုပ်စုအတွင်းပြိုင်ဘက်တွေဖြစ်တဲ့ မာရီဘောနဲ့စပါးတပ်မော်စကိုအသင်းတို့ဟာ သရေရလဒ် သာရရှိခဲ့တာကြောင့် တစ်ယောက် ၁ မှတ်စီရရှိထားခဲ့တာလည်းဖြစ်ပါတယ်။ဖာမီနိုကန်သွင်းခဲ့တဲ့ ပယ်နယ်တီဟာ တိုင်ထိထွက်ခဲ့တာကြောင့် လီဗာပူလ်းအသင်းအမှတ်ဆုံးရံှူးခဲ့ရတာလည်းဖြစ်ပါတယ်။

လီဗာပူလ်းအသင်းရဲ့ပွဲထွက်လူစာရင်းမှာ ဆာလတ် ၊ ဖာမီနို ၊မာနေး ၊အမ်မီရီကန် ၊ ဟန်ဒါဆန် ၊ဝစ်နဒန် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဆီဗီလာအသင်းရဲ့ပွဲထွက်လူစာရင်းမှာ ရီဒါ ၊ကော်ရီယာ၊ နာဗက် ၊ အန်ဇွန်ဇီ ၊ ပီဇာရို၊ ဘန်နီဂါ တို့ကိုထည့်သွင်းအသုံးပြုခဲ့တာကိုလည်းတွေ့မြင်ရပါတယ်။နှစ်သင်းလုံးဟာ ဘောလုံးပိုင်ဆိုင်မှု အသာမရရှိခဲ့ကြပေမဲ့ လီဗာပူလ်းအသင်းကတော့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေများစွာပြုလုပ်နိုင်ခဲ့တာကိုလည်းတွေ့ရပါတယ်။

ပထမပိုင်း ၅ မိနစ်မှာ ဆီဗီလာအသင်းအတွက်အဖွင့်ဂိုးကိုတော့ ရီဒါက အနီးကပ်ကန်သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၂၁ မိနစ်မှာတော့ လီဗာပူလ်းအသင်းအတွက်ချေပဂိုးကို မိုရီနို ရဲ့ ဖန်တီးပေးမှုကနေ ဖာမီနိုက အနီးကပ်ပိတ်သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။၃၇ မိနစ်မှာတော့ အဝေးကစ်ကန်ချက်နဲ့အတူ ဆာလက် သွင်းယူပေးခဲ့ပြီး တစ်ဂိုးအသာနဲ့ ဦးဆောင် နိုင်ခဲ့ပါတယ်။ဖာမီနိုရဲ့ ပယ်နယ်တီကန်သွင်းချက်ဟာ တိုင်ထိထွက်ခဲ့တာကြောင့် လီဗာပူလ်းအသင်းတစ်ဂိုးနစ်နာခဲ့ရပါတယ်။ဆီဗီလာအသင်းအတွက် ချေပဂိုးကိုတော့ ၇၂ မိနစ်မှာ ကော်ရီယာက ကန်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။