ရုပ်ရှင်အစည်းအရုံးဥက္ကဠဟောင်းဖြစ်သူ လူမင်းကို အပြာကားဆန်ဆန်၊တဏှာရူးကားဆန်ဆန် ရိုက်ကူးတယ်လို့ ဝေဖန်ပြောဆိုအပြီး လူမင်းဘက်ကနေ သတိပေးစာပို့ခဲ့အပြီးမှာတော့ ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)မှ ယခုလို ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပါတယ်။

" လူမင်းရဲ့ နို့တစ်စာပေးပို့လာမှုအပေါ်မှာ ဦးမျိုးကတော့ရင်ဆိုင်သွားမယ်။ ဘာဖြစ်လို့ ဒီလိုမျိုး နို့တစ်စာပို့တာလဲဆိုတော့ ဦးမျိုး အင်တာဗျူးတစ်ခု ဖြေထားတာနဲ့ပတ်သက်ပြီးတော့ မကျေနပ်လို့ အခုလိုမျိုး နို့တစ်စာပို့တာပါ။ ဦးမျိုးက ခရီးသွားနေတာ၊ ခရီးသွားပြီး ပြန်လာတဲ့အချိန်မှာ အိမ်မှာ နို့တစ်စာရောက်နေတာကို တွေ့တာပဲ။" ?

"အမှန်အတိုင်းပြောရရင် ဦးမျိုး ဖြေထားတဲ့ဂျာနယ်ကိုတောင်မှ မနေ့ကမှ တွေ့တာပါ။ ဒါတောင် သူများပို့ပေးလို့ တွေ့ရတာပါ။ အဲဒီဂျာနယ်ကို ဘယ်သူထုတ်လဲဆိုတာကိုတောင်မသိဘူး။ ဦးမျိုးက အဲဒီအင်တာဗျူးမှာ ဘာဖြေထားလဲဆိုတော့ 'ကျွန်တော် တို့ဥက္ကဋ္ဌကိုယ်တိုင်က အပြာကားဆန်ဆန် တဏှာရူး ကားဆန်ဆန်ရိုက်နေတော့ ဘယ်သူက လေးစားမှာလဲ'ဆိုပြီးတော့ ဦးမျိုးက ဖြေခဲ့တယ်။ အဲဒီစကားရပ်အပေါ် သူက မကျေနပ်လို့ တရားစွဲတာ ဒါပဲလေ။ အခု ကလေးတွေကလည်း နောက်လိုက်ရိုက်ဖို့ ပြင်ဆင်နေတာတွေလည်း ရှိတယ်။ အဲဒီလိုမျိုး ပြင်ဆင်နေကြတာ မျိုးတွေ ဖြစ်လာတော့ အစည်းအရုံးဥက္ကဋ္ဌတစ်ယောက် အနေနဲ့ မရိုက်သင့်ဘူးလို့ ပြောတာပါ။ ဥက္ကဋ္ဌကိုယ်တိုင် က အဲဒီလိုမျိုးရိုက်ကူးနေရင် ကလေးတွေကို ဘယ်လို တားကြမလဲဆိုပြီးတော့ ပြောတာ။" လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

" အဲဒီလိုမျိုး ပြောတာက ဒါရိုက်တာတွေအတွက် အနုပညာလောကသား အားလုံးရဲ့ အကျိုးအတွက် အခုလိုမျိုး ပြောတာပါ။ ရုပ်ရှင်ကိုလည်း လူတွေအားလုံးက အထင်သေး နေတဲ့အချိန်မှာ အဲဒီလိုကားမျိုးတွေ မရိုက်ပြ သင့်ဘူး။ ကိုယ်က စေတနာနဲ့ လောကအတွက် ပြောပေမယ့် သူ့ဘက်ကတော့ အမြင်စောင်းသွားတဲ့သဘော သက် ရောက်နေတာပေါ့နော်။ အဲဒီတော့ သူလည်း သူလုပ်စရာရှိတာ သူလုပ်ပေါ့နော်။ ကိုယ်လည်း ကိုယ် လုပ်စရာရှိတာ ကိုယ်လုပ်ပေါ့နော်။ နို့တစ်စာထဲမှာတော့ တောင်းပန်ဖို့ ပြောထားတယ်။ ဦးမျိုးဘက်ကတော့ တောင်းပန်ဖို့အကြောင်းမရှိဘူး။ ဦးမျိုးကတော့ လောကကို အမြဲတမ်းစေတနာထား ပြီးတော့ ထောက်ပြဝေ ဖန် တယ်။ ဒါပေမဲ့ အမြင်စောင်းတာတွေ မကြိုက်တာတွေ ကတော့ ရှိမှာပဲလေ။ ဦးမျိုးဘက်ကတော့ မြင်တဲ့ဟာကို မြင်တဲ့အတိုင်း မဖြစ်စေချင်တဲ့ စိတ်တစ်ခုတည်းနဲ့ ပြောပြတာ။ "

Source : local media

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။