ထူးခြားဆန်းကျယ်တဲ့ သတ္တဝါ တစ်ကောင် ကို အမေရိကန်နိုင်ငံ ကမ်းခြေမှာ လာရောက်အပန်းဖြေနေသူတွေ တွေ့ရှိ ခဲ့ကြပြီး တစ်ခါမှ ဒီသတ္တဝါကို မမြင်ဘူးတာကြောင့် လူတွေ အထိတ်တလန့် ဖြစ်ခဲ့ကြပါတယ်။ ဒီ သတ္တဝါ က သဲသောင်ပြင် နဲ့ ကျောက်စရစ်တွေ ပေါ်မှာ လျှောက်သွား နေတာ ကို လူ တွေ တအံ့တသြ တွေ့ခဲ့ရပါတယ်။

တွေ့ခဲ့တဲ့ လူတွေ ကလည်း ဒီ သတ္တဝါ ဟာ ဘာ သတ္တဝါလည်းဆိုတာ မဖော်ထုတ်နိုင်ခဲ့ပါဘူး။ သူ့ရဲ့ ကိုယ်ပေါ်မှာ အကြေးခွံတွေ၊ မျှော့လို အကောင်တွေ နဲ့ ဖုံးအုပ်ထားတာပါ။ ကမ်းခြေကို လာတဲ့ သူတွေ အနေနဲ့ လညး် အတော် အလန့်တကြားဖြစ်ခဲ့ရပါတယ်။

မျက်မြင်တွေ့ခဲ့ရတဲ့ သူတွေကတော့ ဒီသတ္တဝါ ဟာ တီကောင် အကြီးကြီး နဲ့ တူတယ်လို့ဆိုကြပါတယ်။ ဒါပေမယ့် တီကောင်တော့မဟုတ်ပါဘူးတဲ့။ ဒီသတ္တဝါကြီး ကိုမြင်တွေ့ခဲ့ရ သူတွေကတော့ အမိအရ မှတ်တမ်းတင် ဗီဒီယို ရိုက်ခဲ့ကြပါတယ်။ လူမှုကွန်ရက်တွေ ပေါ်မှာ လည်းဖြန့်ဝေ ခဲ့တာ ကြောင့် အဲ့ဒီ့ ကမ်းခြေ ကို လူတွေ သွားကြဖို့ ကြောက်ရွ့ံနေကြပါတယ်။

Source: The Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။