မနက် ၁း ၁၅ မှာယှဉ်ပြိုင်ကစားကြမဲ့ ယူရိုပါလိဂ်အုပ်စုပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ အိမ်ကွင်းမှာ ကိုလုံးအသင်းကို ဧည့်ခံကစားသွားမှာလည်း ဖြစ်ပါတယ်။အုပ်စုပွဲနောက်တစ်ဆင့်တတ်မြောက်ဖို့ ရေပန်းစားနေတဲ့ အသင်းနှစ်သင်းထိပ်တိုက်တွေ့ဆုံနေတာလည်းဖြစ်ပါတယ်။အုပ်စုအတွင်းပြိုင်ဘတ်တွေဖြစ်ကြတဲ့ ဘိုရီဆော့ အသင်းနဲ့ စတားဘဲဂရက် အသင်းတို့ဟာ အိမ်ဖြည့်အဆင့်သာ သတ်မှတ်ခံထားရတာလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ နောက်ဆုံးသုံးပွဲရလဒ်မှာ နှစ်ပွဲနိုင်တစ်ပွဲရှုံးရလဒ်ရရှိထားခဲ့တာကိုလည်းတွေ့ရပါတယ်။အဝေးကွင်းမှာ နှစ်ပွဲလုံးရှုံးနိမ့်ခဲ့တာဖြစ်ပြီး အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရထားလည်းဖြစ်ပါတယ်။ကိုလုံးအသင်းရဲ့နောက်ဆုံးသုံးပွဲရလဒ်ကတော့ နှစ်ပွဲရှုံးတစ်ပွဲနိုင်ရလဒ်ပဲ ရရှိထားတာလည်းဖြစ်ပါတယ်။နှစ်ပွဲလုံးဟာ အဝေးကွင်းမှာရှုံးနိမ့်ခဲ့တာဖြစ်ပြီး အိမ်ကွင်းမှာ တစ်ပွဲအနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။အဝေးကွင်းအားနည်းတဲ့ ကိုလုံးအသင်းကို အာဆင်နယ် အိမ်ကွင်းမှာ အသာရရှိနိုင်ဖို့တော့ ၉၀ % လောက်တော့ ကျိန်းသေနေပါတယ်။

အာဆင်နယ်အသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ ဂီရော့ ၊ အီဝိုဘီ ၊ ဆန်းချက် ၊ အယ်လီနေ၊ ဝီရှိုင်းယား ကိုလည်း ပွဲထုတ်လာနိုင်ဖွယ်ရှိနေပါတယ်။ကိုလုံးအသင်းရဲ့ ဖြစ်နိုင်ဖွယ်လူစာရင်းကတော့ အိုစကို ၊ ကော်ဒိုဘာ ၊ ဘတ်တန်ကော့ ၊ ဟတ်တာ၊ လေမန်း ၊ ရစ္စ တို့ကို ပွဲထုတ်လာဖို့လည်းရှိနေတာဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာ အိမ်ကွင်းမှာ ကိုလုံးအသင်းကို ဧည့်ခံကစားရမှာဖြစ်တာကြောင့် အိမ်ကွင်းအားသာချက်ရှိနေတာတော့ အမှန်ပါပဲ။အာဆင်နယ် ယူရိုပါလိဂ် တာထွက်မှာ ရလဒ်ကောင်းနိုင်မလားဆိုတာတော့ စောင့်ကြည့်ရတော့မှာလည်းဖြစ်တယ်ခင်ဗျာ။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။