မြောက်ကိုရီးယား ဟာ သူ့ရဲ့ အနုမြူဗုံး စမ်းသပ်ဖောက်ခွဲ ခဲ့မှု နဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ရဲ့ အရေးယူပိတ်ဆို့မှု တွေကို ထောက်ခံခဲ့တဲ့ ဂျပန် နဲ့ အမေရိကန် နိုင်ငံ တို့ကို ခြိမ်းခြောက်လိုက်ပါတယ်။ အနုမြူလက်နက် ကိုအသုံးပြုပြီး ဂျပန်နိုင်ငံ ကို နှစ်မြုပ်ပစ်ပြီး ၊ အမေရိကန် ကို ပြာမှုန် နဲ့ အမှောင်လွှမ်းအောင် လုပ်ပစ်မယ်လို့ မြောက်ကိုရီးယား အစိုးရပိုင် သတင်းဌာန ကကြေညာသွားပါတယ်။

မြောက်ကိုရီးယား ရဲ့ စက်တင်ဘာ ၃ ရက်နေ့က စမ်းသပ်ခဲ့တဲ့ အနုမြူဗုံး စမ်းသပ်ဖောက်ခွဲ ခဲ့မှု ကြောင့်ဒေသတွင်း တင်းမာမှုတွေ မြင့်တက်လာခဲ့တာပါ။ အဖွဲ့ဝင် ၁၅ နိုင်ငံ ပါ၀င်တဲ့ ကုလသမဂ္ဂ လုံခြံုရေးကောင်စီ ကတော့ မြောက်ကိုရီးယား နိုင်ငံရဲ့ အထည်တင်ပို့ မှု ကိုပိတ်ဆို့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မြောက်ကိုရီးယား နိုင်ငံရဲ့ အထည်တင်ပို့ မှုဟာ ကျောက်မီးသွေး နဲ့ သတ္တုရိုင်းတွေ တင်ပို့ မှုပြီးရင် ဒုတိယ အကြီးဆုံး တင်ပို့မှုလဲဖြစ်ပါတယ်။ မြောက်ကိုရီးယား က ဒီဆုံးဖြတ်ချက်ကို တုံ့ပြန် တဲ့အနေနဲ့ ဂျပန် နဲ့ အမေရိကန် နိုင်ငံ တို့ကိုပြန်လည် ခြိမ်းခြောက်ခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် ကတော့ မြောက်ကိုရီးယားအနေနဲ့ သူ့ရဲ့ အနုမြူဗုံး တွေကို အသုံးပြုပြီး အမေရိကန် နိုင်ငံကို တိုက်ခိုက်တာကို ဘယ်တော့မှ ခွင့်ပြုမှာမဟုတ်ဘူးလို့ ကြွေးကြော်ထားပါတယ်။ တချိန်တည်းမှာ ပဲ တရုတ်နိုင်ငံ ကို မြောက်ကိုရီးယားအပေါ် မှာ ဖိအားပေးပြောဆိုဖို့ တိုက်တွန်းထားပါတယ်။ တရုတ်နိုင်ငံ အနေနဲ့ ကတော့ နိုင်ငံတကာ ရဲ့တိုက်တွန်းပြောဆိုမှု ကို ပိုမိုလိုလားနေပါတယ်။ မြောက်ကိုရီးယားက သူ့နိုင်ငံကို အမြဲ ကျူးကျော်ဖျက်စီးဖို့ အမေရိကန် နဲ့ တောင်ကိုရီးယား က ကြံစည်နေတယ်ဆိုပြီး စွတ်စွဲထားပါတယ်။

Source: msn news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။