ဗုဒ္ဒဟူးညက ချန်ပီယံလိဂ်ပွဲစဉ်များ ကစားခဲ့ကြပါတယ်။ အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် တစ်သင်းဖြစ်တဲ့ တော့တီဟမ်စပါးကတော့ ဒေါ့မွန်နှင့် ထိပ်တိုက်တွေ့ခဲ့ရပါတယ်။ နှစ်ဘက်စလုံးကတော့ ကစားသမား စုံလင်စွာနှင့် ပွဲထွက်လာကြပါတယ်။ ပွဲစတယ်ဆိုတာနှင့်ပဲ စပါးကော ဒေါ့မွန်ပါ တိုက်စစ်ဖွင့်ကစားခဲ့ပါတယ်။ ပွဲစတယ်ဆိုတာနှင့်ပဲ သိပ်မကြာခင်မှာပဲ စပါးတို့ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ အဆိုပါဂိုးကိုတော့ ပွဲချိန် ၄မိနစ်မှာ ဟာရီိကိန်း၏ ပေးပို့မှုကနေ ဆွန်ဟောင်မင်းက သွင်းယူပေးခဲ့ပါတယ်။ 

ပွဲချိန် ၁၁မိနစ်မှာတော့ ဒေါ့မွန်က ချေပဂီုးရခဲ့ပြီး ယာမိုလန်ကိုက အပြင်းသွင်းယူခဲ့ပါတယ်။ သို့သော် ပွဲကစားချိန် ၁၅မိနစ်မှာ စပါးတိုက်စစ်မှူး ဟာရီကိန်းက ဂိုးသွင်းခဲ့ပါတယ်။ ဟာရီကိန်းကပဲ ဆက်လက်၍ ပွဲချိန် ၆၀မိနစ်မှာ တစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒါကြောင့် ပွဲအပြီးမှာတော့ တော့တီဟမ်စပါးအသင်းက ဒေါ့မွန်ကို ၃-၁ ဂိုးရလဒ်ဖြင့် အနိုင်ရခဲ့ပါတယ်။  

ပိုချက်တီနိုက "အနိုင်ရဖို့အလွန်အရေးကြီးလှပြီးဒီလိုလုပ်နိုင်ခဲ့လိုအလွန်ပျော်ရွှင်မိပါတယ်။ ဒီလိုခက်ခဲတဲ့ပွဲစဉ်မှာအနိုင်ရလဒ်နဲ့စတင်နိုင်ခဲ့လို့အလွန်အရေးကြီးလှပါတယ်။ ဒေါ့မွန်ဟာတကယ့်ကိုအကောင်းဆုံးကစားနိုင်ခဲ့ပြီးပထမပိုင်းမှာလွှမ်းမိုးကစားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာကျွန်တော်တို့ရဲ့ကစားပုံတိုက်တက်မှုရှိလာခဲ့ပြီးဂိုးရှေ့မှာအဆုံးသတ်မှုအလွန်သေချာခဲ့ပါတယ်။ ဒါဟာအနိုင်သုံးမှတ်ထက်ကိုပိုပါတယ်။ ပထမပိုင်းအပြီးမှာကျွန်တော်တို့ပြသနာအချို့ပြင်ဆင်နိုင်ခဲ့ကစားသမားအချို့ရဲ့နေရာတွေကိုပြန်လည်ထိန်းညှိခဲ့ပါတယ်။ ပွဲရဲ့ Tempo ကျသွားတာကျွန်တော်တို့အတွက်ပိုကောင်းပါတယ်။ ဒေါ့မွန်ဟာအားထုတ်မှုအပြည့်နဲ့ကစားတဲ့အသင်းဖြစ်တာကြောင့်ဘောလုံးကိုမြန်မြန်ပေးဖို့ကျွန်တော်တို့ရုန်းကန်ခဲ့ရပါတယ်။ တစ်ခါတစ်ရံမှာလွှမ်းမိုးကစားဖို့မလွယ်ကူပါဘူး။ ဒါကြောင့်မတူညီတဲ့ပုံစံနဲ့ကစားဖို့လိုအပ်ပြီးအခုဆိုရင်အသင်းဟာတည်ငြိမ်ရင့်ကျက်လာခဲ့ပါတယ်။ ဒီပွဲကနေကျွန်တော်တို့အများကြီးလေ့လာသင်ယူနိုင်ပါတယ်။" လို့ပြောသွားပါတယ်။

Source – Mirror 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။