ကြိတ်မှန်ပင်ကိုတော့ ကျေးရွာနေပရိသတ်တွေကတော့ သိရှိပြီးသားဖြစ်ပြီး ရန်ကုန်မှာတော့ နည်းနည်းမြင်ရနည်းတယ့်အပင်ဖြစ်ပါတယ်။ဒါပေမယ့် အရမ်းရှားတယ့်အပင်တော့မဟုတ်ပါဘူး။ဆေးမြစ်၊ဆေးပင်တွေရောင်းတယ့်ဆိုင်တိုင်းမှာ လွယ်ကူစွာနဲ့ရရှိနိုင်ပါတယ်။ဒီတစ်ခါမှာတော့ ပရိသတ်တွေအတွက် ကြိတ်မှန်ပင် ၊ကြိတ်မှန်ရွက်ရဲ့အသုံးဝင်ပုံအာနိသင်တွေနှင့် နည်းစနစ်လေးတွေကိုမျှဝေလိုက်ရပါတယ်။

ကြိတ်မှန်ရွက်ကတော့ သွေးအားကောင်းစေပါတယ်။အင်အားကိုလည်းတိုးပွားစေပါတယ်။ကိုက်ခဲညောင်းညာသူများအတွက်ကြိတ်မှန်ပင်သတ္တုရည်ကိုပျားရည်အနည်းငယ်နှင့်ရောပြီးသောက်ပါ။ဆးီကိုရှွင်စေသည်။ကင်ဆာရောဂါကို ကုသ ကာကွယ်ပေးသည်။ဆီးချိုဝေဒနာရှင်များအတွက်ကြိတ်မှန်တပင်လုံးကိုအမှုန့်ပြု၍ရေနွေးထဲခပ်၍သောက်ပေးပါ။ကိုယ်လက်တုန်ရင်လျှင် ကြိတ်မှန်ရွက်သတ္တုရည်ကိုသောက်ပါ။ခေါင်းတခြမ်းကိုက်လျှင် သတ္တုရည်ကိုနှာခေါင်းအတွင်းအစက်ချပါ။ခေါင်းမူးခေါင်းကိုက်ခြင် မူးဝေခြင်းမျက်စိနှင့်ပတ်သက်သောအနာအမျိုးမျိုးတို့အတွက်ကြိတ်မှန်ပင်ပြုတ်ရည်ကိုတကြိမ်သောက်တခွက် တနေ့၃ကြိမ်သောက်ပါ။ 

ကြိတ်မှန်ပင်သည်နားအူခြင်းပန်းနာရင်ကျပ်နှင့်အသက်ရှူလမ်းကြောင်းအနာတို့ကိုပျောက်ကင်းသက်သာစေသည် ။နှာစေးခြင်းဖြစ်လျှင် သတ္တုရည်ကိုရေမွှေးနှင့်ရောစပ်၍ရှူပေးပါ ။ခလေများဖျားလျှင် ကြိတ်မှန်ပင်ပြုတ်ရည်နှင့်ရေချိုးပေးပါ ။ချောင်းဆိုးသွေးပါလျှင် သတ္တုရည်ကိုရေနွေးနှင့်ရော၍သောက်ပါ ။ချောင်းဆိုးခြင်းနှင့်သွေးအန်ခြင်းတို့အတွက် သတ္တုရည်နှင့်ခလေးကျင်ငယ်ရေနှင့်ရော၍သောက်ပါ ။သွားကိုက်လျှင် အရွက်ကိုမီးနှင့်အပူပေးုပီအမှုန့်ပြုပြီးကိုက်ခဲသောနေရာတွင်ထည့်ပေးပါ ။သို့မဟုတ်အရွက်ပြုတ်ရည်ကိုငုံပေးပါ ။ကြိတ်မှန်ပင်သည်လည်ချောင်းနာခြင်းရင်ဘတ်အောင့်ခြင်းဝမ်းဖောဝမ်းရောင်ဖြစ်ခြင်း လေပွခြင်းဝမ်းလျှောခြင်းတို့ကိုပျောက်ကင်းသက်သာစေသည်။ကြိတ်မှန်ရွက်ပြုတ်ရည်သည်သွေးဝမ်းသွားခြင်းအူလမ်းကြောင်းသွေးထွက်ခြင်းအဆုပ်သွေးထွက်ခြင်းအူလမ်းကြောင်းအနာဖြစ်ခြင်းလိပ်ခေါင်းထွက်ခြင်းတို့ကိုပျောက်ကင်းသက်သာစေသည် ။ယောက်ျားမိန်းမအင်ဂါတို့အားရှိစေသည် ။အဖြူဆင်းများခြင်း ရာသီသွေးမမှန်ခြင်းတို့ဖြစ်လျှင် ကြိတ်မှန်ရွက်နှင့် ဝက်သား သို့မဟုတ်ဘဲသားနှင့်ပြုတ်သောက်ပါ ။ကြိတ်မှန်ပင်သည်အသည်းနှင့်ကျောက်ကပ်ကိုအားရှိစေသည် ။ကျောက်ကပ်ရောဂါဖြစ်ခါစဝေဒနာရှင်များ ကြိတ်မှန်ပင်သတ္တုရည်ကိုတနေ့၃ခွက်သောက်ပါ ။သို့မဟုတ်ထိုပြုတ်ရည်ကို ရေဆာတိုင်းသောက်ပေးနိုင်သည် ။ကျောက်ကပ်ကိုကျန်းမာစေသည် ။ကျန်းမာပျော်ရွှင်သောဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ............

သတင်းအရင်းအမြစ်-ကျန်းမာရေးဗဟုသုတ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။