အာဆီယံကြီးလေးကြီးထဲရောက်လာပြီဖြစ်တဲ့မြန်မာ

စက်တင်ဘာလအတွက်ဖီဖာကထုတ်ပြန်တဲ့ကမ္ဘာ့အဆင့်

သတ်မှတ်ချက်တွေထွက်ပေါ်လာပါပြီ။ဖီဖာအဆင့်သတ်မှတ်ချက်အရမြန်မာအသင်းဟာယခင်လကထက်အဆင့်ငါးဆင့်တက်လာခဲ့ပြီးကမ္ဘာ့အဆင့်152မှာ

ရပ်တည်နေပါတယ်။အရှေ့တောင်အာရှ

ဆယ့်တစ်နိုင်ငံမှာတော့အဆင့်လေးနေရာမှာအဆင့်လေး

နေရာမှာရပ်တည်နေပါတယ်။


အာဆီယံအဆင့်တစ်အဖြစ်ကတော့အာရှဖလား

ခြေစစ်ပွဲတွေမှာရလဒ်ကောင်းတွေရနေတဲ့ဖိလစ်ပိုင်

အသင်းကရပ်တည်ခဲ့ပါတယ်။ဒုတိယနေရာမှာတော့

ကမ္ဘောဒီးယားကိုဖနွမ်းပင်မှာသွားရောက်အနိုင်ရယူထားတဲ့

ဗီယက်နမ်အသင်းရပ်တည်နေပါတယ်။တတိယနေရာမှာတော့

ထိုင်းအသင်းကရပ်နည်နေပြီးကမ္ဘာ့ဖလားအာရှဇုန်

ခြေစစ်ပွဲမှာသြဇီကိုရှုံးသွားလို့ယခင်လကထက်

7ဆင့်လျော့ကျခဲ့ပါတယ်။

အဆင့်လေးနေရာမှာတော့မြန်မာအသင်းကရပ်တည်နေပြီး

အာဆီယံကြီးလေးကြီးထဲဝင်ရောက်ခဲ့ပါတယ်။မြန်မာအသင်း

ရဲ့အောက်မှာတော့စင်ကာပူ၊လာအိုတို့ရပ်တည်နေပြီးမလေးရှားနဲ့အင်ဒိုကတော့အဆင့်7နဲ့

8ပါ။ အဆင့်9နေရာမှာကမ္ဘောဒီးယားနဲ့နောက်ဆုံးနှစ်သင်းကတော့

ဘရူနိုင်းနဲ့တီမောပါ။

Source-Fifa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။