အမေရိကန် ပြည်ထောင်စု နာဆာ ရဲ့ ကနေဒီ အာကာသဌာန ဟာ ဟာရီကိန်းမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု အချို့ကြံုခဲ့ရတယ်လို့ တာဝန်ရှိသူတွေကပြောကြားလိုက်ပါတယ်။ အင်္ဂါနေ့က ထုတ်ပြန်ချက်မှာ အာကာသဌာနဟာ ရေပြတ်လပ်မှု နဲ့ ကြံုခဲ့ရတယ်လို့ နာဆာ ကပြောကြားလိုက်ပါတယ်။ ဌာန အကြီးအကဲ Bob Cabana က ဌာနရဲ့ အထိအခိုက်အပျက်အစီး စာရင်းကို ပြုစုနေပြီး၊ ပြန်လည်ထူထောင် ရေးအဖွဲ့ကိုလည်း တာဝန်များ ပေးထားကြောင်းပြောကြားခဲ့ပါတယ်။

ဒီ နာဆာ ရဲ့ ကနေဒီ အာကာသဌာန ကို မုန်တိုင်းမကျရောက်မီ စက်တင်ဘာလ ၈ ရက်နေ့ကတည်းက နာဆာ ကပိတ်ထားခဲ့ပါတယ်။ အဖွဲ့ဝင်အနည်းငယ်သာ ပါ၀င်တဲ့ အသင်း တစ်ခု ကို မုန်တိုင်းတွင်း စောင့်ကြည့်ဖို့ တာဝန်ချထားတာပါ။ မုန်တိုင်းကြောင့် ကနေဒီ အာကာသဌာန ရဲ့ အမိုးအချို့ ပွင့်ထွက်သွားခဲ့ရပြီး အချို့ ဌာနများလည်း ထိခိုက်မှု အချို့ရှိခဲ့ပါတယ်။ ယခုအခါ ပြန်လည်ပြင်ဆင်ရေးလုပ်ငန်း တွေ ဆောင်ရွက်နေပြီလို့လည်း သိရှိရပါတယ်။

နာဆာ ရဲ့ ကနေဒီ အာကာသဌာန ဟာ အမေရိကန် နိင်ငံ ရဲ့ အာကာသဌာန ၁၀ ခု ထဲက တစ်ခုဖြစ်ပါတယ်။ ၁၉၆၈ ခုနှစ်၊ ဒီဇင်ဘာလထဲက ဒီဌာနဟာ နာဆာ ရဲ့ အာကာသ ယာဉ်လွှတ်တင်တဲ့ နေရာမှာ အဓိက ဌာန လည်းဖြစ်ပါတယ်။ အာကာသယာဉ် လွှတ်တင်ခဲ့တဲ့ မစ်ရှင်းတွေ ဖြစ်တဲ့ Apollo, Skylab နဲ့ Space Shuttle စတဲ့ စီမံကိန်းတွေဟာ ဒီဌာန ကနေ လွှတ်တင်ခဲ့တာပဲဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ် ရဲ့ အရှေ့ဘက်ကမ်းရိုးတန်းမှာ တည်ရှိပါတယ်။ ဒီဌာနဟာ အကျယ်အဝန်း ၂၁၉ စတုရန်းမိုင် ကျယ်ဝန်းပါတယ်။

Source: msn news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။