မြန်မာ့နောက်တန်းကစားသမားလေးရဲ့နောက်ဆုံးဒဏ်ရာအခြေအနေ

ဗီယက်နမ်အသင်းကိုအနိုင်ရချိန်မှာအရံခုံတန်းပေါ်မှာ

တစ်ယောက်တည်းငိုပြီးဝမ်းသာနေတဲ့ကောင်လေး

တစ်ယောက်ရှိပါတယ်။သူကတော့သက်ပိုင်ထွေးပါ။

မြန်မာအသင်းအတွက်ရေကုန်ရေခန်းကစားပြီး

ဒဏ်ရာအပြင်းအထန်ရသွားတဲ့သူ့ကို

ဦးဇော်ဇော်ကိုယ်တိုင်နှစ်သိမ့်ခဲ့ရပါတယ်။

သူ့ရဲ့ခြေထောက်ဒဏ်ရာကတော်တော်ကြီးကို

ဆိုးပါတယ်။

ပရိသတ်ကြီးကလည်းသက်ပိုင်ထွန်းကိုအစိုးရိမ်ပို

ခဲ့ရပါတယ်။သူသာဘောလုံးပြန်မကစားနိုင်တော့ရင်

ဆိုပြီးတော့ပေါ့။သူ့ရဲ့နာကျင်စွာငိုကြွေးမှုပုံရိပ်တွေကလည်း

ပရိသတ်ကြီးကိုပါထပ်တူဝမ်းနည်းစေခဲ့တယ်မဟုတ်လား။

ဦးဇော်ဇော်ကလည်းသက်ပိုင်ထွေးလေးကိုဂရုစိုက်

ရှာပါတယ်။မနေ့ကသက်ပိုင်ထွေးလေးဆေးရုံကိုသွားပါတယ်။

နိုင်ငံတကာပါရဂူကြီးတွေရဲ့စမ်းသပ်ချက်အရသက်ပိုင်ထွေးလေးရဲ့ဒဏ်ရာခြေထောက်ကျိုးသွားတာ

မဟုတ်ဘဲဒူးအရွတ်ထိသွားတာပါလို့သိရပါတယ်။သူမကြာခင်မှာဘောလုံးပြန်ကစားနိုင်မှာဖြစ်ပေမယ့်

မလေးရှားနဲ့ဆီမီးပွဲစဉ်ကိုတော့ပါနိုင်မှာမဟုတ်ဘူးလို့

သိရပါတယ်။ပရိသတ်ကြီးစိတ်အေးရပြီပေါ့နော်။

Source-Win Ni  Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။