ယမန်နေ့ညကတော့ ယူရိုပါလိဂ်ဖလား ပွဲများကို ကစားခဲ့ပါတယ်။ အင်္ဂလန် အသင်းတစ်သင်းဖြစ်တဲ့ အာဆင်နယ်ကတော့ ဂျာမန်ကလပ် ကိုလုံးနဲ့ကစားခဲ့ပါတယ်။ လုံခြုံရေး အခြေအနေတစ်ချို့ကြောင့် ပွဲကို ၁နာရီနောက်ဆုတ်ပြီး ကစားခဲ့ပါတယ်။ အာဆင်နယ်ရော ကိုလုံးပါ လူအင်အား အပြည့်နှင့် ထွက်လာကြပါတယ်။

ပွဲစတယ်ဆိုတာနှင့် ကိုလုံးက မရှိန်ဘဲ အာဆင်နယ်ကို ကစားခဲ့ပါတယ်။ ဦးဆောင်ဂိုးကို ရရှိခဲ့တာကတော့ ကိုလုံးအသင်းပါ။ ဒီဂိုးကို အာဆင်နယ်ဂိုးသမား အော့ပီနာ ကန်ထုတ်ရာကနေ ကိုလုံးကစားသမား ကော်ဒိုဘာက ပွခြျိန် ၉မိနစ်မှာ သွင်းယူခဲ့တာပါ။ ဒုတိယပိုင်း ပြန်စတာနှင့် အာဆင်နယ်က ချေပဂိုးရရှိဖို့ဖိကစားခဲ့ပါတယ်။

အာဆင်နယ် ကစားသမား ကိုလာဆီနက်က ပွဲချိန် ၄၉မိနစ်မှာ ချေပဂိုးသွင်းယူခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့ ဆန်းချက်က ပွဲချိ်န် ၆၇မိနစ်မှာ ဦးဆောင်ဂီုးတစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ပွဲချိန် ၈၂မှာတော့ အာဆင်နယ်အသင်း၏ ကစားသမား ဘယ်လာရင်က နောက်ဆုံးဂိုးကိုသွင်းယူပေးခဲ့ပါတယ်။ ပွဲပြီးမှာတော့ အာဆင်နယ်က ၃-၁ ဂိုးရလဒ်ဖြင့် ကိုလုံးကို အနိုင်ရခဲ့ပါတယ်။

Hein 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။