သောကြာနေ့မနက်တုန်း ကတော့ ယူရိုပါလိဂ်ဖလား ပွဲများကို ကစားခဲ့ပါတယ်။ ကစားခဲ့ပါတယ်။ အင်္ဂလန် အသင်းတစ်သင်းဖြစ်တဲ့ အာဆင်နယ်ကတော့ ဂျာမန်ကလပ် ကိုလုံးနဲ့ကစားခဲ့ပါတယ်။ ကစားခဲ့ပါတယ်။ ဦးဆောင်ဂိုးကို ရရှိခဲ့တာကတော့ ကိုလုံးအသင်းပါ။ ဒီဂိုးကို အာဆင်နယ်ဂိုးသမား အော့ပီနာ ကန်ထုတ်ရာကနေ ကိုလုံးကစားသမား ကော်ဒိုဘာက ပွခြျိန် ၉မိနစ်မှာ သွင်းယူခဲ့တာပါ။ ဒုတိယပိုင်း ပြန်စတာနှင့် အာဆင်နယ်က ချေပဂိုးရရှိဖို့ဖိကစားခဲ့ပါတယ်။

အာဆင်နယ် ကစားသမား ကိုလာဆီနက်က ပွဲချိန် ၄၉မိနစ်မှာ ချေပဂိုးသွင်းယူခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့ ဆန်းချက်က ပွဲချိ်န် ၆၇မိနစ်မှာ ဦးဆောင်ဂီုးတစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ပွဲချိန် ၈၂မှာတော့ အာဆင်နယ်အသင်း၏ ကစားသမား ဘယ်လာရင်က နောက်ဆုံးဂိုးကိုသွင်းယူပေးခဲ့ပါတယ်။ ပွဲပြီးမှာတော့ အာဆင်နယ်က ၃-၁ ဂိုးရလဒ်ဖြင့် ကိုလုံးကို အနိုင်ရခဲ့ပါတယ်။ ပွဲပြီးမှာတော့ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက မှတ်ချက်အချို့ပေးခဲ့ပါတယ်။ 

အာစင်ဝင်းဂါးက ကျွန်တော်တို့ အစပိုင်းမှာ နည်းနည်း အချိတ်အဆက် မမိခဲ့ပဲ နှေးနေခဲ့တယ်လို့ ထင်မိပါတယ် ။ ပြိုင်ဘက် က ဂိုးသွင်းသွားတာကလည်း ရှော့ ရစေတဲ့အကြောင်းအရာတစ်ခုပါ ။ ဒါပေမယ့်ခြုံပြောရရင်တော့ ဂိုးပေးလိုက်ရပေ မယ့် ကျွန်တော်တို့ ကစားကွက် ပျက်မသွားခဲ့ပဲ ပွဲကို ဆက်လက် ထိန်းချုပ်ထားနိုင်ခဲ့ပါတယ် ။ ဒုတိယပိုင်းမှာ တော့ အသင်းက ပိုပြီး ဟန်ချက်ညီလာခဲ့သလို တိုက်စစ် ကိုလည်း ပိုကစားလာနိုင်ခဲ့ပါတယ် ။ ပထမပိုင်းအပြီး မှာ ကျွန်တော် အ ပြောင်းအလဲ လုပ်ခဲ့ပြီး ဒုတိယပိုင်းက ကျွန်တော်တို့အတွက် ဖြစ်လာခဲ့ပါတယ် ။ ဘာပဲပြော ပြော အခု ကျွန်တော်တို့ ထိုက်ထိုက်တန်တန် အနိုင် ရခဲ့ပါပီ။ ဘာပြိုင်ပွဲ ပဲဖြစ်ပါစေ ၊ ဘောလုံးက ဘောလုံးပါပဲ ။ မြက်ခင်းပြင်ထဲကို ရောက်သွားပြီဆိုတာနဲ့ အားလုံးက အတူတူပဲဖြစ်သွားပါပီ ။ ကျွန်တော်တို့ ဒီညမှာ ပြိုင်ဘက်ကောင်းတစ်သင်းနဲ့ ရင်ဆိုင်ခဲ့တာပါ ။ ဘွန်ဒစ်လီဂါ အသင်းတွေဟာ အနိုင်ယူဖို့ ခက်ခဲပါတယ်”

Source – Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။