Scrub ပြုလုပ်တယ်ဆိုတာကတော့ ခန္ဓာကိုယ်မှာရှိတဲ့ ချေးတွေကို ချွတ်လိုက်ခြင်း တစ်မျိုးပဲ ဖြစ်ပါတယ်။ အရေပြားအပေါ်မှာရှိတဲ့ မမြင်ရတဲ့ ဆဲလ် အသေတွေက ကြွေမကျဘဲ ထပ်လာတဲ့အခါ အသားအရေ တောက်ပမှုနှုန်းက လျော့ကျသွားစေနိုင်တာကြောင့် တစ်လကို အနည်းဆုံး တစ်ခါလောက်တော့ Scrub ပြုလုပ်သင့်ပါတယ်။ Scrub ပြုလုပ်ပြီးတဲ့ အခါမှာလည်း အသားအရေက ချောမွေ့နေတာကြောင့် Sun Cream မျိုးကို အသုံးပြုသင့်ပါတယ်။

မမေ့သင့်တာ တစ်ခုကတော့ ခန္ဓာကိုယ်ပေါ်က အရေပြားနဲ့ မျက်နှာပြင်ပေါ်က အရေပြားက မတူပါဘူး။ နူးညံ့ပုံခြင်းလည်း မတူသလို ခံနိုင်ရည် ရှိပုံခြင်းလည်း မတူပါဘူး။ ဒါ့ကြောင့် တခြားအရေပြားတွေကို သုံးသလိုမျိုး မျက်နှာပေါ်က အရေပြားကို လုံးဝ မသုံးသင့်ပါဘူး။ အမှန် ပြောရမယ်ဆိုရင် မီးဖိုချောင်မှာ ရှိတဲ့ ပစ္စည်းအများစုက သဘာဝနည်းနဲ့ scrub ပြုလုပ်လို့ ရပါတယ်။ ဒါပေမဲ့ အခုလောလောဆယ် ဖော်ပြချင်တာကတော့ သကြားအညို (သဘာဝသကြား) နဲ့ Scrub ပြုလုပ်လို့ရမဲ့ နည်းလမ်းမျိုးစုံပဲ ဖြစ်ပါတယ်။ ကဲ … ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေ အတွက်ပဲဖြစ်ဖြစ် စမ်းသပ်ကြည့်လိုက်ရအောင်နော် … <3 <3 <3

(၁) ငှက်ပျောသီးမှည့် တစ်လုံး၊ သကြား အညို (စားပွဲတင်ဇွန်းနှစ်ဇွန်း)၊ အုန်းဆီ အနည်းငယ် တို့ကို ရောစပ်ပြီး ခန္ဓာကိုယ် အရေပြားပေါ် လိမ်းပေးပါ။ ထို့နောက် ရေနွေးနွေးလေးနှင့် ပြန်လည် ဆေးကြောလိုက်ပါ။

(၂) ကော်ဖီမှုန့်၊ သကြား၊ သံလွင်ဆီတို့ကို ဆတူ ရောစပ်၍ ခန္ဓာကိုယ်အနှံ့ လိမ်းပေးပါ။ ၅ မိနစ်လောက်ထားပြီး ရေဆေးပေးပါ။

(၃) ဒိန်ချဉ်၊ အုန်းဆီ၊ သကြားအညိုတို့ကို ဆတူ ရောစပ်ပြီး မျက်နှာကို လိမ်းပေးပါ။ မျက်နှာအနှံ့ ပွတ်လိမ်းပြီး နာရီဝက် (သို့မဟုတ်) တစ်နာရီလောက် ထားပြီး ရေနှင့် ဆေးပေးပါ။

(၄) သကြားအညို နှင့် အုန်းဆီတို့ကို ဆတူ ရောစပ်ပြီး မျက်နှာပေါ်သို့ စက်ဝိုင်းပုံ လိမ်းကျံ၍ နှိပ်နယ်ပေးပါ။ နာရီဝက်ခန့် အကြာတွင် ရေနွေးနွေးလေးဖြင့် မျက်နှာ သစ်ပေးလိုက်ပါ။

(၅) ပျားရည်၊ အုန်းဆီ၊ သကြား အနည်းငယ်တို့ကို ထမင်းစားဇွန်းထဲသို့ ထည့်ဖျော်ပြီး နှုတ်ခမ်းသားသို့ သုတ်လိမ်းပေးပါ။ နာရီဝက်ခန့် ထားပြီးနောက် Tissue ဖြင့် သုတ်ခြင်း (သို့မဟုတ်) ရေဆေးခြင်း တို့ကို ပြုလုပ်ပေးပါ။ နူးညံ့ လှပသော နှုတ်ခမ်းသားလေးတွေကို ပိုင်ဆိုင်ရမှာပါ။

အထက်ပါ နည်းလမ်းများကို တစ်ပတ်တစ်ခါ ပြုလုပ်ပေးနိုင်ပါတယ်။ ထိုသို့ ပြုလုပ်ပေးခြင်းဖြင့် နူးညံ့ချောမွေ့သော အသားအရေကို ပိုင်ဆိုင်နိုင်မယ်ဆိုတယ် မလွဲဧကန် အမှန်ပါပဲ ရှင် …. ။

Source: YouTube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။