ယမန်နေ့ညကတော့ ယူရိုပါလိဂ်ဖလား ပွဲများကို ကစားခဲ့ပါတယ်။ အင်္ဂလန် အသင်းတစ်သင်းဖြစ်တဲ့ အာဆင်နယ်ကတော့ ဂျာမန်ကလပ် ကိုလုံးနဲ့ကစားခဲ့ပါတယ်။ ကစားခဲ့ပါတယ်။ ဦးဆောင်ဂိုးကို ရရှိခဲ့တာကတော့ ကိုလုံးအသင်းပါ။ ဒီဂိုးကို အာဆင်နယ်ဂိုးသမား အော့ပီနာ ကန်ထုတ်ရာကနေ ကိုလုံးကစားသမား ကော်ဒိုဘာက ပွခြျိန် ၉မိနစ်မှာ သွင်းယူခဲ့တာပါ။ ဒုတိယပိုင်း ပြန်စတာနှင့် အာဆင်နယ်က ချေပဂိုးရရှိဖို့ဖိကစားခဲ့ပါတယ်။

အာဆင်နယ် ကစားသမား ကိုလာဆီနက်က ပွဲချိန် ၄၉မိနစ်မှာ ချေပဂိုးသွင်းယူခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့ ဆန်းချက်က ပွဲချိ်န် ၆၇မိနစ်မှာ ဦးဆောင်ဂီုးတစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ပွဲချိန် ၈၂မှာတော့ အာဆင်နယ်အသင်း၏ ကစားသမား ဘယ်လာရင်က နောက်ဆုံးဂိုးကိုသွင်းယူပေးခဲ့ပါတယ်။ ပွဲပြီးမှာတော့ အာဆင်နယ်က ၃-၁ ဂိုးရလဒ်ဖြင့် ကိုလုံးကို အနိုင်ရခဲ့ပါတယ်။ ပွဲပြီးမှာတော့ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါး ကဆန်းချက်အကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

အာဆင်ဝင်းဂါးက ဆန်းချက်အနေနဲ့သွင်းဂိုးတစ်ဂိုးသွင်းယူကာပုံစံကောင်းပြသခဲ့ပေမယ့်လည်းချီလီလက်ရွေးစင်ဟာအကောင်းဆုံးပုံစံပြရဖို့ကြိုးစားနေဆဲပဲရှိနေသေးတယ်လို့ပြောလိုက်ပါတယ်။ အာဆင်ဝင်းဂါးက "ကျွန်တော့်အမြင်ကတော့ဆန်းချက်ဟာ၎င်းရဲ့အကောင်းဆုံးပုံစံပြန်ရဖို့ကြိုးစားနေဆဲဖြစ်ပါတယ်။ သူဟာအလွန်ထူးချွန်တဲ့သူဖြစ်ပေမယ့်ကြံ့ခိုင်မှုပိုင်းအရအခုမှပြန်လာခါစပဲရှိပါသေးတယ်။ ဒါပေမယ့်သူဟာအရမ်းကောင်းတဲ့အရည်အသွေးတွေရှိတာကြောင့်ယခုလိုလုပ်ပြနိုင်ခဲ့တာပါ။ ကျွန်တော်တို့ပြိုင်ပွဲတိုင်းမှာအကောင်းဆုံးလုပ်ဆောင်သွားချင်ပါတယ်။ နေရာ၉နေရာအပြောင်းအလဲလုပ်ခဲ့ပေမယ့်ကျွန်တော်တို့ဟာအတွေ့အကြုံရှိတဲ့အသင်းဖြစ်နေဆဲပါ။ အားလုံးဟာတူညီတဲ့အရည်အသွေးတွေရှိတဲ့ထိပ်တန်းကစားသမားတွေပါပဲ။" လို့ပြောသွားပါတယ်။

Source – Mirror  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။