မြောက်ကိုရီးယားက ဂျပန်နိုင်ငံ ကို နှစ်မြုပ်ပစ်မယ် လို့ ကြုံးဝါးပြီး နောက်တစ်နေ့ ဂျပန်ကျွန်းပေါ်ကို ဒုံးပျံနဲ့ ပစ်ခတ်၊ ဂျပန် နဲ့ တောင်ကိုရီးယား တို့ အမျက်ဒေါသ ထွက်နေ၊ ဂျပန် အနေနဲ့ သည်းခံမှာ မဟုတ်

မြောက်ကိုရီးယား ဟာ နောက်ထပ် ဒုံးပျံတစ်စင်းဂျပန်နိုင်ငံ ရဲ့ ဟိုကိုင်းဒိုး ကျွန်းမြောက်ပိုင်းပေါ်ကို သောကြာနေ့ မနက်ပိုင်း က ပစ်လွှတ်ခဲ့ပါတယ်။ ဂျပန် နိုင်ငံကို သူ့ရဲ့ အနုမြူဗုံးတွေနဲ့ ပင်လယ်ထဲ နှစ်မြုပ်ပစ်မယ် လို့ ကြံုးဝါးပြီး နောက်တစ်နေ့ မှာ ပဲ ဂျပန်ကျွန်းပေါ်ကို ဒုံးပျံ နဲ့ ပစ်ခတ်ခဲ့တာပါ။ အခုလို ပစ်ခတ်ခဲ့တာဟာ သုံးပတ်အတွင်း ဒုတိယ အကြိမ် ပစ်လွှတ်ခဲ့တာလည်း ဖြစ်ပါတယ်။ အခုလို ပစ်ခတ် ခဲ့တာကြောင့် ချက်ချင်းဆိုသလို ဂျပန် နဲ့ တောင်ကိုရီးယားတို့ အမျက်ဒေါသ ဖြစ်ခဲ့ရပါတယ်။

ဒီဒုံးပျံ ကို ပြံုယမ်း ရဲ့မြောက်ဘက် ဆူနမ် လေယာဉ်ကွင်း ကနေ ၆ နာရီ ၃၀ မိနစ်က ပစ်လွှတ်ခဲ့တာပါ။ တောင်ကိုရီးယား ကာကွယ်ရေးဌာန က ပြောကြားရာမှာ တော့ ဒီဒုံးပျံဟာ ၁၇ မိနစ်လောက် ဟိုကိုင်းဒိုးကျွန်းပေါ်ကို ပျံသန်းသွားခဲ့ပြီး ကျွန်းရဲ့ အရှေ့ဘက် မိုင်ပေါင်း ၁၂၀၀ အကွာ ပစိဖိတ်သမုဒ္ဒရာထဲကို ကျသွားခဲ့တာပါ။ ဒီဒုံးပျံ ပစ်ခတ်မှု ကြောင့် ဂျပန်နိုင်ငံ မှာ အရေးပေါ် အခြေအနေကြေညာခဲ့ရပြီး ဒေသခံတွေကို သတိပေးချက်တွေ ထုတ်ပြန်ခဲ့ရပါတယ်။

ဂျပန်အစိုးရရဲ့လက်ထောက်ပြောခွင့်ရပုဂ္ဂိုလ် Yoshihide Suga က ဒီနောက်ဆုံး ဒုံးပျံပစ်ခတ်မှု ကို ရှုံ့ချလိုက်ပြီး ဂျပန် အနေနဲ့ သည်းခံမှာ မဟုတ်ဘူး ထပ်မံပြောကြားလိုက်ပါတယ်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး က သူ့ရဲ့အစိုးရကို လုပ်ဆောင်နိုင်တာမှန်သမျှ ပြင်ဆင်ထားကြဖို့ ညွှန်ကြားထားပါတယ်။ ဂျပန်ကတော့ အဲ့ဒီ့ ဒုံးပျံကို ပစ်ချခြင်းမပြုခဲ့ပါဘူး။

၀ါရှင်တန်၊ အိမ်ဖြူတော်မှာ တော့ သမ္မတ ဒေါ်နယ်ထရန့် က ဒီမြောက်ကိုရီးယား ရဲ့ ဒုံးပျံပစ်ခတ်မှု နဲ့ပတ်သက်ပြီး ညွှန်ကြားစရာရှိတာများ ပြောကြားခဲ့တယ်လို့ Chief of Staff ဖြစ်သူ John F. Kelly ကပြောကြားခဲ့ပါတယ်။

Source: Washington Post

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။