မနက်ကကျင်းပခဲ့တဲ့ ယူရိုပါလိဂ်အုပ်စု ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဝီယန် အသင်းနဲ့ အေစီမီလန်အသင်းပွဲစဉ်မှာ အေစီမီလန်အသင်းက အဝေးကွင်းမှာ ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အနိုင်၃ မှတ်ကိုရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ယနေ့နိုင်ပွဲကြောင့် အေစီမီလန်အသင်းဟာ အုပ်စု အဆင့် ၁ နေရာမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။အုပ်စုအတွင်းနောက်တစ်ဆင့်တတ်ရောက်ဖို့ ရေပန်းအစားဆုံးဖြစ်တဲ့ အေစီမီလန်အသင်းရဲ့ တိုက်စစ်တွေကိုတော့ ဝီယန် အသင်းဘယ်လိုမှ မထိန်းချူပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဝီယန်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ မွန်ဆချန်၊ ပရိုကော့ ၊ လီဂျင်ဟောင် ၊ ပီရက်၊ ဆာဘတ်တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အေစီမီလန်အသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ အန်ဒရီဆေးဗာလ်း၊ ကလာနစ်၊ အဘာတီ၊ ကတ်ဆီရာ ၊ ဘီဂလီယာ ၊ ကေဟမ်နိူဂလူး တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အေစီမီလန်အသင်းဟာအဝေးကွင်းမှာလာရောက်ကစားခဲ့ပေမဲ့ ခြေစွမ်းချင်းကွာဟမှုတွေကြောင့် ဘောလုံးပိုင်ဆိုင်မှုအသာ နဲ့ ပွဲချိန်ပြည့် ဖိအားပေးနိုင်ခဲ့ပါတယ်။

အေစီမီလန် အသင်းအတွက်အဖွင့်ဂိုးကိုတော့ ပွဲစလို့ ၇ မိနစ်မှာပဲ ကေဟမ်နိူဂလူး ကကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ဒီနေ့ပွဲမှာ ခြေစွမ်းပြသခဲ့ပြီး ဟတ်ထရစ်သွင်းယူနိုင်ခဲ့တဲ့ အန်ဒရီဆေးဗာလ်းကတော့ ပွဲချိန် (၁၀.၂၀.၅၆)မိနစ်မှာ အေစီမီလန်အသင်းအတွက် အနိုင်သေချာစေမဲ့ဂိုးတွေကိုသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်၊အေစီမီလန်အသင်းအတွက် ပွဲသိမ်းဂိုးကိုတော့ ၆၃ မိနစ်မှာ ဆူဆို ကသွင်းယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဝီယန်အသင်းအတွက် တစ်လုံးတည်းသောချေပဂိုးကိုတော့ ၄၇ မိနစ်မှာ ဘိုကိုဗစ် ကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။