မလေးရှားကိုလက်စားချေပေးမှာလားမြန်မာယူ-18

ဆီးဂိမ်းတုန်းကအောင်သူတို့ရဲ့ယူ-22အသင်း

ကွာလာလမ်ပူမှာမလေးရှားကိုအရှုံးပေးခဲ့ရပါတယ်။

Ultra Malaysiaလို့ခေါ်တဲ့မလေးပရိသတ်အဖွဲ့က

ထိုပွဲတွင်ပြောစရာဖြစ်ခဲ့ပါတယ်။လူကြီးလူကောင်းမဆန်သော

အပြုအမူများပြုလုပ်ခဲ့တာအားလုံးအသိပါ။ကွင်းတွင်း

ကွင်းပြင်မြန်မာပရိသတ်များကျီးလန့်စာစားခဲ့ရတယ်။

တကယ်တော့ဘောလုံးဆိုတာဖြူစင်သောအားကစားနည်း

တစ်ခုပါ။အရောင်မဆိုးသင့်။ဒီနေ့ညနေမြန်မာပရိသတ်တွေကတော့

လူကြီးလူကောင်းဆန်စွာအားပေးကြမည်မှာအမှန်ပါ။

ထားတော့။ကျွန်တော်တို့ကွင်းမှာယခုမြန်မာနဲ့မလေးရှား

ပြန်တွေ့ကြပြီ။ယခုအချိန်ကအောင်သူတို့အသင်းမဟုတ်။

ဝင်းနိုင်ထွန်းတို့အသင်းဖြစ်ပါတယ်။

ဝင်းနိုင်ထွန်းတို့အတွက်ဒီပွဲမှာအနိုင်ကလွဲပြီးအခြားမရှိ။

ဆီးဂိမ်းရှုံးကြွေးကိုသူတို့ပြန်ဆပ်ပေးကြမယ်လို့လည်း

ယုံကြည်နေမိပါတယ်။မနိုင်စရာလည်းမရှိပါ။ဗီယက်နမ်က

ဒီပြိုင်ပွဲမှာအင်အားအတောင့်ဆုံးအသင်း။အဲ့ဒီအသင်းကို

အနိုင်ကန်ကာတက်လာသောမြန်မာအသင်းမလေရှားကိုဘာကြောင့်မနိုင်ရမည်နည်း။တစ်ခုပြောစရာရှိတာက

မလေးရှားကမြန်မာထက်နားရက်ပိုရထားခြင်းပင်။

မလေးရှားအသင်းမှာအက်ခရာရှာရှစ်တို့လိုဆီးဂိမ်း

စတားတွေပြန်လည်ပါဝင်လာပေမယ့်ကြောက်စရာမလိုပါ။

ဝင်းနိုင်ထွန်းတို့အသင်းမှာကပါရမီရှင်ကစားသမားများ

တစ်ပုံတစ်ခေါင်းပါဝင်နေသည်ကိုအားလုံးသိကြပါတယ်။

မလေးရှားအသင်းရဲ့ပုံစံကဆီးဂိမ်းအသင်းလို

တောင်ပံတွေကထိုးဖောက်သည့်ပုံစံဖြစ်ပါတယ်။

မြန်မာနည်းပြကြီးဘန်လာဘီကမလေးရှားနဲ့ပွဲအတွက်

ဝှက်ဖဲရှိပါတယ်လို့ထုတ်ပြောထားပါတယ်။ကျွန်တော်တို့

ဘန်လာဘီကိုယုံပါတယ်။ထပ်ပြောရရင်ဘန်လာဘီရဲ့ကောင်လေးတွေကိုလည်းယုံပါတယ်။မြန်မာအသင်းဒီနေ့ညနေအနိုင်မှလွှဲပီးအခြားမရှိ။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။