၁၄.၉.၂၀၁၇ ရက်နေ့မှ ၁၉.၉. ၂၀၁၇ အထိ ဆရာစံဇာဏီဘိ်ု၏ တစ်ပတ်စာ ဟောကိန်းများကို ဖော်ပြပေးလိုက်ပါတယ်။ ယတြာချေနည်းလေးတွေနဲ့ ကံကောင်းစေမဲ့ ဂဏန်း၊ အရောင်တွေလည်း ပါ၀င်တာကြောင့် အားလုံးပဲ ကံကောင်းကြပါစေနော် ….

တနင်္ဂနွေနေ့ မွေးသူများ

တနင်္ဂနွေနေ့ မွေးသူတွေအတွက်ကတော့ ထူးထူးခြားခြား ပြောင်းလဲခြင်း ကံတွေ ရှိမယ်၊ လုပ်သမျှ အောင်မြင်လိမ့်မယ်။ ငွေရေးကြေရေး၊ လုပ်ငန်း၊ စီးပွားရေးတွေမှာ များစွာ တိုးတက်မယ်။ ပေါ်ပေါက်လာတဲ့ အပြောင်းအလဲတွေက ကိုယ့်အတွက် ကောင်းသော အပြောင်းအလဲတွေသာ ဖြစ်မယ်။ လုပ်ရေးကိုင်ရေး

၁၅ ရက်နေ့မှာ အရေးကြီးတဲ့ကိစ္စတွေကို လုပ်ပါ။ ၁၆ ရက်နေ့မှာ သစ္စာဖောက်တဲ့သူကို တွေ့တတ်တယ်။ ၁၇၊ ၁၈၊ ၁၉ ရက်နေ့တွေမှာ ကောင်းခြင်းကံနဲ့ တိုးတက်ခြင်း ဖြစ်လိမ့်မယ်။

အရေးကြီးကိစ္စတွေလုပ်မယ်ဆိုရင် တနင်္လာ၊ သောကြာ၊ အင်္ဂါနေ့ မွေးသူတွေနဲ့ တွဲပြီးလုပ်ပါ။ စနေ၊ ကြာသာပတေး မွေးသူတွေကို လွန်လွန်ကဲကဲ မယုံစားပါနဲ့။ ၆၊ ၉၊ ရ ဂဏန်းတွေ အကျိုးပေးတယ်။ အပြာရောင်၊ ပန်းရောင်၊ အနီရောင်တို့ကို သုံးပြီး အရေးကြီးတဲ့ ကိစ္စတွေ လုပ်ပါ။ အကြွေစေ့ကို အမွေးနံ့သာဖျန်းပြီး အလိုရှိတဲ့ ကိစ္စတွေကို ပြုလုပ်ပါ။

တနင်္လာနေ့မွေးသူများ

တနင်္လာနေ့မွေးသူတွေက ဒီကာလအတွင်း ပြောင်းလဲနေတာနဲ့အတူ ဘဝ အနေအထားရော စိတ်ပါ ပြောင်းလဲသွားနိုင်ပါတယ်။ မူလလုပ်နေတဲ့ အလုပ်ကို စိတ်မဝင်စားဘဲ ပတ်ဝန်းကျင်သစ်ကို ဦးတည်ချင်တဲ့ ဆန္ဒတွေ ဖြစ်ပေါ်လာမယ်။ စိတ် အတက်အကျတွေ မြန်ဆန်နေမယ်။ ကိုယ်ပိုင်အတွေးအခေါ်နဲ့ ပုံဖော်ချင်စိတ်တွေ ဖြစ်နေတတ်တယ်။

၁၅ ရက်နေ့မှာ ပြသနာဟောင်းတွေ ပြန်ဖြေရှင်းရတတ်တယ်။ ၁၆ ရက်နေ့မှာ အဆုံးသတ်ခါနီးမှ ပြသနာဖြစ်တတ်တယ်။ ၁၇ ရက်မှာ အထူးကံကောင်းမယ်။ ၁၈ ရက်မှာ ဆိုးပြီးမှ ကံကောင်းမယ်။ ၁၉ ရက်မှာတော့ အရာရာ အသစ်အဆန်းနဲ့ တိုးတက်ခြင်းလမ်းကြောင်းပေါ်မယ်။

တနင်္ဂနွေသားသမီးတွေနဲ့ ငွေရေးကြေးရေးကံကောင်းပြီး ကြာသာပတေးနဲ့ စနေ သားသမီးတွေနဲ့ကတော့ ကိုယ့်အတွက် အကျိုးရှိလိမ့်မယ်။ တနင်္လာနေ့ မွေးသူတွေကြောင့် ပြသနာ ဖြစ်တတ်တယ်။

၇၊ ၉၊ ၅ ဂဏန်း အကျိုးပေးပါတယ်။ အစိမ်းရောင်၊ အဖြူရောင်၊ မီးခိုးရောင် တို့ကို အသုံးချပြီး အလိုရှိရာ ဆောင်ရွက်ပါ။ အနီရောင် သရေကွင်းကို အမွှေးနံ့သာဖျန်းပြီး ပိုက်ဆံအိတ်ထဲ ထည့်ဆောင်ပါ။

အင်္ဂါနေ့မွေးသူများ

အင်္ဂါနေ့မွေးသူတွေ အနေနဲ့ကတော့ ရန်တွေနဲ့ ထိပ်တိုက်တွေ့လိမ့်မယ်။ အနှောင့်အယှက်များမယ်။ ကိုယ်က ကောင်းပေမဲ့လည်း ကိုယ့်အပေါ်မှာ ကောင်းသူနဲ့ တွေ့ဖို့ ခဲယဉ်းလိမ့်မယ်။ ပတ်ဝန်းကျင်မှာ ကိုယ်နဲ့ ယှဉ်လာတဲ့ သူတွေကိုတော့ အနိုင်ယူနိုင်လိမ့်မယ်။ အာမခံ တာမျိုး၊ တာဝန်ယူတာမျိုးကိုတော့ မလုပ်သင့်ပါဘူး။ ကတိ မတည်သူတွေနဲ့ တွေ့တတ်လိမ့်မယ်။

၁၅ ရက်မှာ အရာရာ အဆင်ပြေလိမ့်မယ်။ ၁၆ ရက်နေ့မှာ အနီးကလူ ဒုက္ခပေးတတ်တယ်။ စကားယုံလို့ အခက်တွေ့တတ်တယ်။ ၁၇ ရက်နေ့မှာ အရာရာ အဆင်ပြေလိမ့်မယ်။ ၁၈၊ ၁၉ ရက်တွေမှာ ရဲရဲတင်းတင်း လုပ်လိုက်ပါ။ အောင်မြင်လိမ့်မယ်။

ကြာသာပတေး၊ ဗုဒ္ဓဟူး၊ တနင်္လာနေ့ မွေးသူတွေကြောင့် အကျိုးကျေးဇူး ခံစားရနိုင်တယ်။ သောကြာနေ့ မွေးသူတွေကြောင့် ပြသနာ ရှိတတ်တယ်။ ၅၊ ၉၊ ရ ဂဏန်းတွေ အကျိုးပေးတယ်။ အဖြူ၊ အစိမ်း၊ မီးခိုးရောင်တို့ကို သုံးပြီး အလိုရှိတာ ဆောင်ရွက်နိုင်တယ်။ လက်ကိုင်ပဝါ အဖြူ တစ်ထည်ဆောင်ပြီး အလိုရှိရာကို ဆောင်ရွက်ပါ။

ဗုဒ္ဓဟူးနေ့မွေးသူများ

ဗုဒ္ဓဟူးနေ့ မွေးသူတွေ အနေနဲ့ကတော့ အရေးပါတဲ့ အပြောင်းအလဲ ရှိနေတယ်။ ဆိုးပြီး ကောင်းသွားမယ်။ ကောင်းတာကလည်း ပိုပြီး ကောင်းတဲ့ ကာလ ဖြစ်မယ်။ ဆုံးဖြတ်ချက်မှန်မယ်။ အခက်အခဲအားလုံးကို ဖြေရှင်းနိုင်မယ်။ ရင်ဆိုင်ပြီး တိုက်ခိုက်တာလည်း အောင်မြင်မယ်။

၁၅၊ ၁၆ ရက်မှာ ငွေကြေးကိစ္စ ပြောဆိုခြင်း အလုပ်အကိုင်ကိစ္စ ဆောင်ရွက်ခြင်း အောင်မြင်မယ်။ မိသားစုအတွက်လည်း ကောင်းတယ်

၁၇ ရက်နေ့မှာ ဂရုစိုက်ပါ။ တစ်ချက်မှားတာနဲ့ ဖြေရှင်းရ ခက်တတ်တယ်။ ၁၈ ရက်နေ့မှာ ရန်နဲ့ ယှဉ်ပြီး လုပ်ရမယ်။ ၁၉ ရက်နေ့မှာ အရာရာ အဆင်ပြေမယ်။

တနင်္လာ၊ ဗုဒ္ဓဟူး၊ အင်္ဂါ သားသမီးများနဲ့ တွဲလုပ်ရင် အဆင်ပြေမယ်။ တနင်္ဂနွေ၊ စနေ မွေးသူများကြောင့် အလုပ်အကိုင်တွေ နှောင့်နှေးရတတ်တယ်။ ၁၊ ၅၊ ၉ ဂဏန်း အကျိုးပေးမယ်။ အဝါ၊ လိမ္မော်ရောင်၊ ရွေအိုရောင်တို့က ကံကောင်းစေမယ်။ မကြာခဏ လိမ္မော်ရည်သောက်သုံးပြီး မြောက်အရပ်ကို မျက်နှာမူပြီး လိုရာ ဆောင်ရွက်ပါက လုပ်ကိုင် အကျိုးရှိလိမ့်မယ်။

ရာဟုမွေးသူများ

ရာဟုမွေးသူတွေ အတွက်ကတော့ ရန်တွေနဲ့ ထိပ်တိုက်တွေ့လိမ့်မယ်။ မှန်းထားတာနဲ့ လက်တွေ့ ကွာဟ မယ်။ စိတ်ကူးကောင်းရှိသောလည်း လက်တွေ့အကောင်အထည်ဖော်ဖို့ အခက်အခဲရှိတယ်။ ကိုယ့်အကြံအစည်တွေကို သူများသွားပြောရင်လည်း ဒုက္ခ ရောက်နိုင်တယ်။ ငွေကြေးပျောက်တတ်တယ်။ ရန်များတတ်တယ်။ စေတနာစော်ကားခံရတတ်တယ်။

၁၅ ရက်နေ့မှာ ကောင်းလာပြီးတော့ ၁၆ ရက်နေ့မှာ အနှောင့်အယှက်တွေ ကြုံရတတ်တယ်။ ၁၇ ရက်နေ့မှာ မမျှော်လင့်ဘဲ ရလာတဲ့အခွင့်အရေးကို လက်ခံပြီး ဘဝ တက်လမ်းဖန်တီးနိုင်မယ်။

ကြာသာပတေး၊ သောကြာ၊ စနေသားသမီးများနဲ့ တွဲပြီး အလုပ်လုပ်ပါ။ အင်္ဂါနဲ့ ဗုဒ္ဓဟူး သားသမီးတွေကြောင့် ဖြစ်လာတဲ့ ပြသနာကိုတော့ ချက်ခြင်းရှင်းပါ။ ၉၊ ရ၊ ၅ ဂဏန်း အကျိုးပေးတယ်။ အနီရောင်၊ ကြက်သွေးရောင်တွေကို အသုံးပြုပြီး အလိုရှိရာ ဆောင်ရွက်ပါ။ အိမ်မှာရှိတဲ့ ၀ါးတူ အဟောင်းတွေကို လွှင့်ပစ်လိုက်ပါ။

ကြာသာပတေးနေ့ မွေးသူများ

ကြာသာပတေး သားသမီးများအတွက်ကတော့ ထူးခြားတဲ့ ကံကောင်းခြင်း၊ လာဘ်ပွင့်ခြင်း၊ အရာရာ အဆင်ပြေခြင်းတွေ ဖြစ်ပေါ်မယ်။ ကောင်းတဲ့ ကံပေါ်လာသလို အလုပ်တွေရဲ့ အကျိုးဆက်ကောင်းတွေကိုလည်း ရရှိနိုင်ပါတယ်။ ဆုံးဖြတ်ပါ။ ရှေ့တိုးပါ။ အောင်မြင်လိမ့်မယ်။

၁၅ ရက်နေ့မှာ ပြသနာတွေနဲ့ တွေ့ရတတ်တယ်။ ၁၆ ရက်နေ့မှာ အကြီးအကဲတစ်ဦးဆီက အကူအညီရမယ်။ ၁၇ ရက်နေ့မှာ လူမျိုးကွဲ အကျိုးပေးလိမ့်မယ်။ ၁၈ ရက်နေ့မှာ ငွေဝင်စရာ အကြောင်းရှိလိမ့်မယ်။ ၁၉ ရက်နေ့မှာ မတော်တဆ ထိခိုက်မှုကို ဂရုစိုက်ရမယ်။

တနင်္လာ၊ အင်္ဂါ၊ ကြာသာပတေးနေ့ မွေးသူတွေက အကျိုးပေးပြီး ဗုဒ္ဓဟူးနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက်ဖြစ်တတ်တယ်။ ၃၊ ၅၊ ၉ ဂဏန်း ကံကောင်းစေမယ်။ ဓာတ်ခဲအဟောင်း၊ မီးလုံး၊ မီးချောင်းအကျွမ်းတွေကို ရှာဖွေပြီး စွန့်ပစ်လိုက်ပါက ထူးခြားသောကံကောင်းမှုတွေ ရမယ်။

သောကြာနေ့ မွေးသူများ

သောကြာနေ့ မွေးသူတွေ အနေနဲ့ကတော့ အပြောင်းအလဲနဲ့ တိုးတက်မှုရှိမယ်။ ကံမြင့်မာလာပြီး အလိုဆန္ဒ ရှိသလောက် အောင်မြင်နိုင်တဲ့ အနေအထားနဲ့ တိုးတက်မယ်။

၁၅ ရက်နေ့မှာ လုပ်သမျှထူးခြားပြီး မိတ်ကောင်းဆွေကောင်း အထောက်အကူရခြင်း ကြံုမယ်။

၁၆ ရက်နေ့မှာ ရန်တွေနဲ့ ကြံုပြီး နောက်ပိုင်း ဆက်တိုက်ကံကောင်းမယ်။

ဗုဒ္ဓဟူး၊ တနင်္လာ၊ စနေ မွေးသူတွေ ကောင်းကျိုးပေးပြီး ရာဟု၊ အင်္ဂါမွေးသူတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်မယ်။ ၂၊ ရ၊ ၉ ဂဏန်း အကျိုးပေးပြီး အဖြူ၊ အစိမ်း၊ မီးခိုးရောင်တို့ကို သုံးစွဲပါ။ ကံကောင်းစေရန် မကြာခဏ မြောက်အရပ်ကို မျက်နှာမူပြီး ငှက်ပျောသီးစားခြင်း ပြုလုပ်ပါ။

စနေနေ့မွေးသူများ

စနေနေ့ မွေးသူတွေ အနေနဲ့ကတော့ ကောင်းသော အပြောင်းအလဲများ ခံစားရမယ်။ အခွင့်အရေးတွေကို လက်တွေ့အသုံးချပြီး တိုးတက်မယ်။ မိတ်ဆွေကောင်း အထောက်အကူရမယ်။ လူမျိုးကွဲ အကျိုးပေးမယ်။ တိုးချဲ့လုပ်တဲ့ အလုပ်တွေ အဆင်ပြေမယ်။ လာဘ်ကောင်းမယ်။

၁၅ရက်နေ့ ထူးခြားစွာကံကောင်းတဲ့ ရက်ဖြစ်မယ်။ ၁၆၊ ၁၇ ရက်မှာ အပြောင်းအလဲ ရှိလာရင် လက်ခံပေးပါ။ ၁၉ ရက်နေ့မှာ မထင်မှတ်ထားတဲ့ သူတွေနဲ့ ပြန်လည် ဆုံတွေ့ခြင်းရှိမယ်။

ကြာသာပတေး၊ သောကြာ၊ စနေ မွေးသူတွေကြောင့် ကောင်းကျိုးများရပြီး ဗုဒ္ဓဟူးနဲ့ တနင်္ဂနွေနေ့ မွေးသူတွေကြောင့် စိတ်အနှောင့်အယှက် ရတတ်တယ်။ ၄၊ ရ၊ ၉ ဂဏန်းတွေ အကျိုးပေးပြီး အညို၊ အပြာ၊ မီးခိုးရောင်တို့ကို ၀တ်ဆင်ပါ။ မြောက်အရပ်ကို မျက်နှာမူပြီး လက်ဘက်ရည်သောက်ခြင်းပြုလုပ်ပါက ထူးခြားစွာ ကံကောင်းပါလိမ့်မယ်။

သတင်းအရင်းအမြစ် - ဆရာစံဇာဏီဘို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။