ယခုဖြစ်ရပ်ကတော့ တော်တော်လေးကို ရယ်စရာကောင်းပါတယ်။ အမျိုးသမီးတစ်ဦးက စသူ့ယောကျာ်းကို အွန်လိုင်းပေါ်တွင် ရောင်းချခဲ့တာပါ။ အမှန်တကယ်တော့ စနောက်ပြီးသာ ရေးသားခဲ့ခြင်းပါ။ ရလဒ်တွေကတော့ အံ့ဖွယ်ကောင်းပါတယ်။

ဒါ့အပြင် အမျိုးသမီး အတွက်လည်း အူတိုစရာပါ။ ဒါ့ပေမယ့် အမျိုးသမီးဖို့ ငိုအားထက် ရယ်အားပိုသန်ခဲ့ရပါတယ်။ အဖြစ်အပျက်လေးကတော့ ရော့တာနာဆိုတဲ့ အမျိုးသားက သူ့မိန်းမ တီရီဆာကို စနောက်ခဲ့ပါတယ်။ တီရီဆာက သွားကြိတ်သံကို မုန်းပါတယ်။

ဒါ့ကြောင့် ယောကျာ်းဖြစ်သူ ရော့တာနာက တီရီဆာကို သွားကြိတ်နေသံအကျယ်ကြီးပါတဲ့ ဗီဒီယိုကို ဆက်တိုက်လိုက်ဖွင့်ပြကာ စနေခဲ့ပါတယ်။ ဒေါသထွက်သွားတဲ့ တီရီဆာက Facebook မှာ “အသက်၃၃နှစ်အရွယ်ရှိကာ အိမ်မှုကိ်စ္စပိုင်တဲ့ ကျွန်မယောကျာ်းကို ပေါင်၉သောင်း၉ထောင်၉ရာကျော်ဖြင့်ရောင်းပါမယ်။ သူကကျွန်မကို အချိန်တိုင်း လိုက်စနေတယ်။ haha” ဆိုပြီး ရေးတင်ခဲ့တာပါ။ သို့သော် အချို့ အပျိုကြီးများက တကယ်လာဝယ်ခဲ့ကြသဖြင့် တီရီဆာတို့လင်မယားမှာ ရယ်မောခဲ့ကြရလေသည်။

Hein (Mg Lu Aye)

Source - Viral4Real  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။