မြန်မာပွဲလာအားပေးတဲ့ပရိသတ်ကြီးအိမ်ပြန်မနောက်ကျစေဖို့

ဒီနေ့ဟာမြန်မာယူ-18အသင်းနဲ့မလေးရှားယူ-18အသင်းတို့

ကန်ကြမှာပါ။သုဝဏ္ဏကွင်းကြီးထဲကိုဒီနေ့ပရိသတ်တွေ

အင်ပြည့်အားပြည့်လားအားပေးကြမှာပါ။ဒီနေ့လာအား

ပေးတဲ့ပရိသတ်ကြီးအိမ်အပြန်နောက်မကျစေဖို့

ဘောလုံးအဖွဲ့ချုပ်ဥက္ကဌကြီးဦးဇော်ဇော်ကအခုလို

စီစဉ်ပေးထားပါတယ်။မြန်မာပရိသတ်များ

အိမ်အပြန်နောက်မကျစေဖို့ပါတဲ့။

ရန်ကုန်သုဝဏ္ဏကွင်းကြီးကနေရန်ကုန်မြို့ရဲ့

အသွားအလာများတဲ့နေရာတွေဖြစ်တဲ့လှည်းတန်း၊

မြေနီကုန်း၊8မိုင်လမ်းဆုံ၊သမိုင်း၊မြောက်ဥက္ကလာအဝိုင်း၊

အောင်ဆန်းကွင်း၊တောင်မြောက်လမ်းဆုံစတဲ့နေရာတွေကို

တစ်နေရာ တစ်နေရာစီကိုဖယ်ရီလေးစီးစီစဉ်ပေး

ထားပါသတဲ့။ကားတွေမရမှာလည်းပူစရာမလိုတော့ဘူး

တက်စီတွေလည်းဌားစရာမလိုတော့ဘူးပေါ့။ပိုက်ဆံတွေလည်း

အပိုကုန်စရာမလိုတော့ပါဘူး။

မြန်မာယူ-18ကစားသမားတွေဖြစ်တဲ့မြတ်ကောင်းခန့်၊

စိုးမိုးကျော်စတဲ့ကစားတွေသာမကနည်းပြကြီး

ဘန်လာဘီကလည်းဒီပွဲကိုပရိသတ်ကြီးတစ်ခဲနက်လာရောက်

အားပေးကြပါလို့တောင်းဆိုထားပါတယ်။ဗီယက်နမ်အသင်း

ကိုလည်းသူတို့ပရိသတ်အားပေးမှုကြောင့်အနိုင်ရခဲ့တာလို့

ပြောပြပါတယ်။ဒီနေ့ပွဲမှာလည်းပရိသတ်အားပေးမှုနဲ့

ကစားသမားတွေရဲ့ခြေစွမ်းပေါင်းစပ်လိုက်ရင်မလေးကိုမနိုင်စရာမရှိပါဘူး။ပရိသတ်ကြီးအားပေးကြမယ်မဟုတ်လား။

Source-Aya Bank

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။