ယခုအပတ်မှာတော့ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်များ ပြန်လည်ကစားတော့မှာဖြစ်ပါတယ်။ လန်ဒန်ဒါဘီအဖြစ် အာဆင်နယ်နှင့် ချယ်ဆီးတို့ ကစားကြမှာပါ။ လီဗာပူးကဘန်လေ၊ မန်ချက်စတာစီးတီးက ၀က်ဖို့နှင့် တော့တီဟမ်စပါးကဆွမ်ဆီးတို့နှင့် ကစားရမှာပါ။ မန်ချက်စတာယူနိုင်တက်ကတော့ အဲဗာတန်နှင့် ကစားရမှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုင်တက်နှင့်အဲဗာတန်တို့ ပွဲကိုတော့ တနင်္ဂနွေည ၉နာရီခွဲမှာ ကစားသွားမှာပါ။ မန်ချက်စတာယူနိုင်တက်တို့ကတော့ အဲဗာတန်ကို အိမ်ကွင်းမှာ လက်ခံကစားသွားရမှာပါ။ မန်ချက်စတာယူနိုင်တက်အသင်းက နောက်ဆုံးကစားခဲ့တဲ့ ပွဲမှာ ဘေဆယ်ကို ၃ - ၀ ဖြင့်အနိုင်ရရှိထားပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ လိဂ်ပွဲမှာတော့ စတုတ်စီးတီးကို ၂-၂ဂိုး သရေသာ ကစားနိုင်ခဲ့ပါတယ်။

အဲဗာတန်တို့ကတော့ လက်ရှိအချိန်မှာ ရလဒ်တွေ မကောင်းပါဘူး။ နောက်ဆုံးကစားခဲ့တဲ့ ပွဲမှာ အတ္တလန်တာကို ၃-၀ ဖြင့်ရှုံးနိမ့်ထားပါတယ်။ စပါးကိုလည်း ပရီးမီါ်ယားလိဂ်မှာလည်း ၃-၀ ရလဒ်ဖြင့်ဂိုးပြတ် ရှုံးထားပါတယ်။ အဲဗာတန်အသင်း ကစားသမားတွေကတော့ ပွဲပန်းနေပုံရပါတယ်။ မန်ချက်စတာယူနိုင်တက်၏နည်းပြ မော်ရင်ဟိုကတော့ အမှတ်ပေးဖလားမှန်းနေတာကြောင့် ပွဲတိုင်းကို အနိုင်ရအောင်ကစားမှာပါ။ ဒီပွဲကတော့ မန်ချက်စတာယူနို်င်တက် အနိုင်ရကာ ၃မှတ်ယူဖို့ များနေပါတယ်။

Hein (Mg Lu Aye)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။