စက်တင်ဘာ ၁၄ ရက်နေ့ ကြာသပတေးနေ့တွင် အီရတ်နိုင်ငံ တောင်ပိုင်းရှိနာဆာရီယာမြို့တွင် သေနတ်သမားများနဲ့ အသေခံကားဗုံး ဖောက်ခွဲသူတို့ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။ထိုအကြမ်းဖက်လုပ်ရပ်ကြောင့် အီရန်နိုင်ငံသားများအပါအဝင် အနည်းဆုံး လူဦးရေ ၇၄ ဦးခန့် သေဆုံးခဲ့ရတယ်လို့သိရှိရပါတယ်။ဒီလို အကြမ်းဖက်လုပ်ရပ်ကို အစ္စလာမ်မစ်နိုင်ငံတော် အဖွဲ့ IS တို့က သူတို့ လက်ချက်ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

နေ့လည်မွန်းတည့်ချိန်လောက်မှာ အကြမ်းဖက်သမားတွေဟာ စားသောက်ဆိုင်တစ်ခုကို ဝင်ရောက် သေနတ်နဲ့ ပစ်သတ်ခဲ့ကြတာလည်းဖြစ်ပါတယ်။နောက်ပြီး လုံခြုံရေးစစ်ဆေးရေးဂိတ်တွေကိုလည်း အသေခံကားဗုံးဖောက်ခွဲပြီး တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။သေဆုံးသူများထဲမှာ အီရန်နိုင်ငံသား ၇ ဦးပါဝင်သွားကြောင်း ၊ နောက်ထပ်ဒဏ်ရာရရှိသူ ၉၃ ဦးခန့် ရှိကြောင်း ဒီကာခရိုင်မှ လက်ထောက်ကျန်းမာရေး အကြီးအကဲ အက်ဘ်ဒယ် ဟူစိန်အယ်လ်ဂျာဘရီက ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

IS တို့ဟာ ရှီးအိုက် မဟာမိတ်လက်နက်ကိုင် တပ်ဖွဲ့များကဲ့သို့ ရုပ်ဖျက်ကာ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြောကြားခဲ့ပါတယ်။ရှီးအိုက် မဟာမိတ်လက်နက်ကိုင်များသည် ရဲတပ်ဖွဲ့ နဲ့ စစ်တပ်ကို အကူအပေးနေသော တပ်ဖွဲ့လည်းဖြစ်ပါတယ်။အခင်းဖြစ်ပွားရာနေရာသို့ ကယ်ဆယ်ရေးသမားနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာခဲ့ပြီး အလောင်းများကို လူနာတင်ယာဉ်အတွင်းကို ပို့ဆောင်ပေးခဲ့ပြီး မီးလောင်နေသော ကားများနဲ့ အပျက်အစီးအချို့ကိုလည်း ရှင်းလင်းပေးခဲ့တယ်လို့ သိရပါတယ်။

source - mizzima - news in burmese

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။