ယခုအပတ်မှာတော့ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်များ ပြန်လည်ကစားတော့မှာဖြစ်ပါတယ်။ လန်ဒန်ဒါဘီအဖြစ် အာဆင်နယ်နှင့် ချယ်ဆီးတို့ ကစားကြမှာပါ။ လီဗာပူးကဘန်လေ၊ မန်ချက်စတာစီးတီးက ၀က်ဖို့နှင့် တော့တီဟမ်စပါးကဆွမ်ဆီးတို့နှင့် ကစားရမှာပါ။ မန်ချက်စတာယူနိုင်တက်ကတော့ အဲဗာတန်နှင့် ကစားရမှာဖြစ်ပါတယ်။

ဒီအပတ်၏ အကောင်းဆုံး ပွဲတစ်ပွဲဖြစ်တဲ့ လန်ဒန်ဒါဘီကတော့ အာဆင်နယ်နှင့် ချယ်ဆီးတို့တွေ့ရှိကြမှာပါ။ အဆိုပါ ပွဲစဉ်ကိုတော့ ချယ်ဆီးတို့၏ အိမ်ကွင်း စတမ်းဖို့ဘရစ်ချ်မှာ ယှဉ်ပြိုင်ကြမှာပါ။ ချယ်ဆီးအသင်းကတော့ နောက်ဆုံးကစားခဲ့တဲ့ ပွဲမှာ ကွာရာဘတ်ကို ၆-၀ရလဒ်ဖြင့် နိုင်ထားပါတယ်။ ဒါ့အပြင် နောက်ဆုံးကစားခဲ့တဲ့ လိဂ်ပွဲမှာ လက်စတာကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။

အာဆင်နယ်ကတော့ နောက်ဆုံးကစားခဲ့တဲ့ ပွဲမှာ ယူရိုပါလိဂ်တွင် ကိုလုံးကို ၃-၁ဂိုးဖြင့်အနိုင်ရထားပါတယ်။ ဒါ့အပြင် နောက်ဆုံးကစားခဲ့တဲ့ လိဂ်ပွဲမှာ ဘုန်းမောက်ကိုလည်း ၃-၀ ဖြင့်အနိုင်ရထားပါတယ်။ ချယ်ဆီးနှင့်အာဆင်နယ်ကတော့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ကွန်မြူနတီဒိုင်းမှာ အာဆင်နယ်က ၂-၁ဂိုးဖြင့် အနိုင်ရထားတာပါ။ လက်ရှိအနေအထား အရ ချယ်ဆီးက အာဆင်နယ်ထက် အခြေအနေပိုကောင်းနေပါတယ်။ သို့သော် အာဆင်နယ်က ချယ်ဆီးကို ဒုက္ခအမြဲ ပေးနိုင်တဲ့ အသင်းတစ်သင်းပါ။ ဒီပွဲက သရေရလဒ်ထွက်ဖို့များနေပြီ အနိုင်ရပါကလည်း မပြတ်မသား ရလဒ်ဖြင့်သာ အနိုင်ရဖို့ များနေပါသည်။

Hein (Mg Lu Aye)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။