မက္ကဆီကိုနိုင်ငံတွင် ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့တာဖြစ်ပြီး ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၉၈ ထိရှိလာခဲ့ပြီဖြစ်တယ်လို့လည်းသိရပါတယ်။စက်တင်ဘာ ၁၃ ရက်နေ့က ငလျင်ဖြစ်ပွားရာနေရာကို မက္ကဆီကို သမ္မတ Enrique Pena Nieto က သွားရောက်ကြည့်ရှုခဲ့ပြီး ငလျင်ဒဏ်ခံခဲ့ရတဲ့သူတွေကို ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။

ယခုဖြစ်ပွားခဲ့သည့်ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၉၈ ဦးထိရှိလာပြီဖြစ်ကြောင်း၊ နောက်ပြီး Oaxaca ပြည်နယ် နှင့် Chiapas ပြည်နယ်တို့မှာ လူပေါင်း ၂.၃ သန်းခန့် ဘေးဒုက္ခခံခဲ့ရကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး Osorino Chong က ပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးသူက လက်ရှိမှာ သဘာဝဘေးဒဏ်ခံခဲ့ရတဲ့ ထို ဒေသနှစ်ခုကို လက်ရှိမှာ သွားလာရန် ခက်ခဲနေသော်လည်း ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် နေရာအနှံ့ မှာ လုပ်ဆောင်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသေးတယ်။

မက္ကဆီကို နိုင်ငံမှာ စက်တင်ဘာ ၇ ရက်နေ့ ညပိုင်းအချိန်မှာ ငလျင်လှုပ်ခတ်သွားတာဖြစ်ပြီး အင်အား ရစ်ခ်တာစကေး (၈.၂ )အဆင့်ထိ ရှိခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမှာမက္ကဆီကို အစိုးရအနေဖြင့် ငလျင်ဒဏ်ခံခဲ့ရတဲ့ဒေသများကိုဆေးဘက်ဆိုင်ရာ ဝန်ထမ်းများကို လုံလုံလောက်လောက် စေလွှတ်ခဲ့ပါတယ်။ဒါ့အပြင်လိုအပ်တဲ့ ပစ္စည်းတွေကိုလည်း အဆက်မပြတ်ပို့ဆောင်ပေးလျက်ရှိနေတယ်လို့လည်းသိရပါတယ်။

source - china xinhua news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။