မြန်မာယူ-18ရဲ့ပြင်သစ်နိုင်ငံသွားတောလား

ဝင်းနိုင်ထွန်းတို့ရဲ့မြန်မာယူ-18အသင်းဟာလာမယ့်

စက်တင်ဘာ25ရက်နေ့မှာပြင်သစ်နိုင်ငံကို

သွားရောက်လေ့ကျင့်ကြမှာပါ။မြန်မာအသင်းဟာ

အခုလောလောဆယ်မှာAFFယူ-18ပြိုင်ပွဲကို

ဝင်ရောက်ယှဉ်ပြိုင်နေပြီးဒီပြိုင်ပွဲအပြီးလာမယ့်

နိုဝင်ဘာ4ရက်မှာအာရှယူ-19 ခြေစစ်ပွဲဝင်ရောက်ယှဉ်ပြိုင်

ရမှာပါ။မြန်မာအသင်းပါဝင်တဲ့အုပ်စုမှာတရုတ်၊ကမ္ဘောဒီးယား၊

ဖိလစ်ပိုင်တို့ပါဝင်နေကြပါတယ်။

ကမ္ဘောဒီးယားကအိမ်ရှင်ဖြစ်ပြီးမြန်မာအသင်းဟာ

ဖနွမ်းပင်မှာသွားရောက်ယှဉ်ပြိုင်ရမှာပါ။

စက်တင်ဘာ25ရက်နေ့ကနေစပြီးအောက်တိုဘာ

16ရက်အထိပြင်သစ်မှာရှိနေမယ့်မြန်မာအသင်းဟာ

ဥရောပလူငယ်လက်ရွေးစင်အသင်းတစ်သင်းအပါအဝင်

ပြင်သစ်အခြေစိုက်လူငယ်အသင်းတစ်ချို့နဲ့ခြေစမ်းပွဲ

တွေကစားသွားမှာပါ။ပြင်သစ်မှာအနည်းဆုံးခြေစမ်း

ပွဲလေးပွဲယှဉ်ပြိုင်ကစားသွားမယ်လို့MFFကပြောပါတယ်။

မန်မာယူ-18ရဲ့အာရှယူ-19ခြေစစ်ပွဲဟာနိုဝင်ဘာ 4ရက်ကနေ8ရက်နေ့အထိကျင်းပမှာဖြစ်ပြီးတရုတ်နဲ့အုပ်စု

ဗိုလ်နေရာလုဖို့အဓိကထားယှဉ်ပြိုင်ရမှာပါ။အုပ်စု10စုက

အုပ်စုဗိုလ် ဆယ်သင်းနဲ့အကောင်းဆုံးအုပ်စုဒုတိယငါးသင်း

တို့ကခြေစစ်ပွဲအောင်မှာပါ။အင်ဒိုနီးရှားကတော့အိမ်ရှင်

ဖြစ်လို့ခြေစစ်ပွဲအောင်မြင်ထားပြီးပါပြီ။အင်ဒိုနီးရှားမှာ

ကျင်းပတဲ့အာရှယူ-19နောက်ဆုံးအဆင့်မှာဆီမီးဖိုင်နယ်ရောက်လေးသင်းဟာကမ္ဘာ့ဖလားယူ-20ပြိုင်ပွဲကိုတိုက်ရိုက်ဝင်ခွင့်ရမှာပါ။ဝင်းနိုင်ထွန်းတို့စီနီယာကြီးအောင်သူတို့ခြေရာလိုက်နင်းနိုင်မလား..

Source-MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။