ဆီးရီးယားမှာ ဂျီဟတ် စစ်ပွဲ ဆင်နွှဲဖို့ ပြောကြားလိုက်

အိုစမာဘင်လာဒင် ရဲ့သား ဟမ်ဇာဘင်လာဒင် က ကမ္ဘာ တစ်ဝှမ်းမှာ ရှိတဲ့ သူ့လူတွေကို ဆီးရီးယားမှာ ဂျီဟတ် စစ်ပွဲ ဆင်နွှဲရာမှာ ပါ၀င်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ဘင်လာဒင်ရဲ့သား ဟာ အယ်လ်ကိုင်ဒါ အကြမ်းဖက် အဖွဲ့ ခေါင်းဆောင် အဖြစ် တာဝန်ယူမယ့်သူပါ။ “ဆီးရီးယား ကိစ္စဟာ ကျွန်တော်တို့အားလုံး နဲ့ သက်ဆိုင်တဲ့ ကိစ္စပါပဲ လို့ သူက ကြာသပတေးနေ့ ကပြောလိုက်ပါတယ်။

အိုစမာဘင်လာဒင် ရဲ့သား ဟမ်ဇာဘင်လာဒင် ဟာ အသက် ၂၀ အရွယ်တည်းက အိုစမာဘင်လာဒင် ၂၀၁၁ မေလက အမေရိကန် အထူးတပ်ဖွဲ့တွေ ရဲ့လက်ချက်နဲ့ သေဆုံးပြီးနောက် အယ်လ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့မှာ တက်တက်ကြွကြွလှုပ်ရှားလာတာပါ။ အမေရိကန် နိုင်ငံ ကတော့ ဘင်လာဒင်ရဲ့သား ကို ဆော်ဒီနိုင်ငံ ဂျက်ဒါးမြို့မှာ ၁၉၈၉ ခုနှစ်ကမွေးဖွားခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။ ဘင်လာဒင်ရဲ့ တတိယမြောက် ဇနီးကနေ မွေးဖွားခဲ့တာပါ။

အမေရိကန်နိုင်ငံ အနေနဲ့ အိုစမာဘင်လာဒင် ရဲ့သား ဟမ်ဇာဘင်လာဒင် ကို ကမ္ဘာ့ အကြမ်းဖက် ခေါင်းဆောင် အဖြစ်နဲ့သတ်မှတ်ထားပြီး၊ သူ့ရဲ့ ပိုင်ဆိုင်မှု တွေကို ထိန်းချုပ်ထားပါတယ်။ အသံလွှင့်ချက်တစ်ခု မှာတော့ ဘင်လာဒင်ရဲ့သား က ဆော်ဒီမှာရှိတဲ့ သူ့ကို ထောက်ခံသူတွေကို ပုန်ကန်ထကြွဖို့ နဲ့ အုပ်ချုပ်သူတွေကို ဖယ်ရှားပစ်ဖို့ တိုက်တွန်းခဲ့ပါသေးတယ်။ ကျွမ်းကျင်သူတွေကတော့ ဘင်လာဒင်ရဲ့သား ဟာ အယ်လ်ကိုင်ဒါ အဖွဲ့ကိုဦးဆောင်ပြီး ဆီးရီးယားမှာ အိုင်အက်စ် အဖွဲ့ကို ကျော်တက်ကာ အယ်လ်ကိုင်ဒါကို ပြန်လည် တန်ခိုးထွားစေဖို့ လုပ်ဆောင်နေတယ်လို့ ယုံကြည်နေကြပါတယ်။

Source: AFP

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။