သွေးကင်ဆာကတော့ကြောက်စရာရောဂါကြီးတစ်ခုပါ။ဇာတ်ကားတွေမှာအများအားဖြင့် သွေးကင်ဆာရောဂါဖြစ်ပြီးသေဆုံးသွားရတာကိုအမြဲမြင်တွေ့မိမှာပါ။ဒါဟာလည်းတကယ့်အဖြစ်အပျက်တွေပါ။သွေးကင်ဆာဟာ အသက်အန္တရာယ်စိုးရိမ်ရတယ့်ရောဂါဖြစ်ပါတယ်။အလွန်ကြောက်စရာကောင်းတယ့် ရောဂါတစ်ခုပေါ့။ 

သွေးကင်ဆာရောဂါဟာ ဆိုးရွားသော အခြေအနေသို့ မရောက်မီ ရောဂါလက္ခဏာပေါ်နှုန်းမှာ အနည်းငယ်နှေးပါတယ်။ရောဂါလက္ခဏာအများစုမှာ သွေးထဲတွင် အရွယ်မရောက်သေးသော သွေးဖြူဥများ များနေပြီး ကျန်းမာသော သွေးဖြူဥများနည်းနေခြင်းကြောင့်

ရောဂါလက္ခဏာတွေကတော့....

- ဖြူဖတ်ဖြူရော်ဖြစ်ခြင်း၊

- ပင်ပန်းလွယ်ခြင်း၊ မောခြင်း၊

- ဖျားခြင်း၊ ချွေးထွက်များခြင်း၊

- ကိုယ်အလေးချိန်လျော့ကျသွားခြင်း၊

- ရောဂါပိုးများဝင်လွယ်ခြင်းကြောင့် နှာစီးချောင်းဆိုး ဖြစ်လွယ်ခြင်း၊

- သွားဖုံး၊ နှာခေါင်းတို့မှ သွေးယိုခြင်း၊

- ထိခိုက်မိပါက သွေးချည်ဥလွယ်ခြင်း၊ အရေပြားပေါ်တွင် အနီစက်များပေါ်ခြင်း၊

- အရိုးနှင့် အဆစ်များနာကျင်ခြင်း၊

- အသည်းနှင့် ဘေလုံးများကြီးလာခြင်းကြောင့် ဝမ်းဗိုက်တင်းခြင်း၊

- ရှားရှားပါးပါးအနေဖြင့် ခေါင်းကိုက်ခြင်း၊ တက်ခြင်း၊ အန်ခြင်း၊ အမြင်ဝါးခြင်း၊

- ခရမ်းရောင် အကွက်များ ပေါ်ခြင်း (purple skin rash) တို့ဖြစ်တတ်ပါတယ်။ 

ကင်ဆာရောဂါ သည် သွေးထဲမှတဆင့် ဦးနှောက်နှင့် အာရုံကြော အဖွဲ့အစည်းထဲသို့ရောက်ရှိလာခဲ့လျှင်

- ခေါင်းကိုက်ခြင်း

- တက်ခြင်း

- ခေါင်းမူးခြင်း

- ပျို့အန်ခြင်း

- အမြင်ဝေဝါးခြင်း တို့ဖြစ်နိုင်ပါတယ်။ 

နောက်ဆက်တွဲ ပြဿနာများကတော့

- Immature cell များ များလာခြင်းကြောင့် သွေးနီဥနှင့် သွေးဥမွှားများ၏ အရေအတွက် လျော့နည်းလာပြီး နာတာရှည် သွေးဖြူဥကင်ဆာ (chronic leukaemia) ဖြစ်ခြင်း

- ကိုယ်ခံအားကျဆင်းခြင်းကြောင့် ရောဂါပိုးများဝင်လွယ်ခြင်း

- သွေးဥမွှားအရေအတွက် လျော့နည်းခြင်းကြောင့် အလွယ်တကူ သွေးချည်ဥခြင်း၊ အလွန်ဆိုးရွားပါက ဦးနှောက်တွင်း၊ အဆုတ်တွင်းနှင့် အစာအိမ်တွင်း သွေးယိုခြင်း

- မျိုးမအောင်ခြင်း တို့ဖြစ်နိုင်ပါတယ်။

အဖြစ်များသူများကတော့

- ဓာတ်ရောင်ခြည်နှင့်ထိတွေ့နေရသူများ

- ဓာတ်ဆီ၊ ရော်ဘာစက်ရုံတို့တွင် သုံးသော benzeneနှင့် ထိတွေ့နေရသူများ

- ဆေးလိပ်သောက်သူများ

- ကင်ဆာရောဂါအတွက် ကုသမှုခံယူထားသူများ

- နယူကလီးယားစက်ရုံ၊ ဓာတ်အားလိုင်းများနှင့် ဖုန်းစင်တာကြီးများ အနီးတွင်နေထိုင်သူများ

- အဝလွန်သူများနှင့်

- HIV/AIDS ကဲ့သို့သော ကိုယ်ခံအားနည်းစေသော ရောဂါသည် များတွင် အဖြစ်များတယ်လို့သိရပါတယ်။

ကျန်းမာပျော်ရွှင်သောဘဝကိုပိုင်ဆိုင်နိုင်ပါစေ.............

သတင်းအရင်းအမြစ်-၇၈၈၇ကျန်းမာရေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။