တောင်ကိုရီးယား ရဲ့ ကင်ဂျံုအန်း ကို လုပ်ကြံသတ်ဖြတ်ဖို့ အကြံအစည် အောင်မြင်နိုင်မလား

မြောက်ကိုရီးယား ရဲ့ စက်တင်ဘာလ ၃ ရက်နေ့ က အနုမြူဗုံး စမ်းသပ်ဖောက်ခွဲ ခဲ့ပြီးနောက် တောင်ကိုရီးယား အနေနဲ့ ကင်ဂျံုအန်းကို လုပ်ကြံဖို့ အထူးတပ်ဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းဖို့ အစီအစဉ်တွေ ရှိတယ်လို့ ပြောကြားလိုက်ပါတယ်။ ဒါဟာ တောင်ကိုရီးယား သမ္မတ မွန်ဂျယ်အင် ရဲ့ နိုင်ငံခြားရေးမူဝါဒ ဆိုင်ရာ ပြောင်းလဲမှုလည်းဖြစ်နိုင်ပါတယ်။

တောင်ကိုရီးယား ခေါင်းဆောင်တွေ အနေနဲ့ မြောက်ကိုရီးယားရဲ့ အနုမြူစမ်းသပ်ဖောက်ခွဲမှုတွေကြောင့် အမေရိကန် နဲ့ မြောက်ကိုရီးယား ကြား အပြင်းအထန် စကားစစ်ထိုးနေ ကြတဲ့အတောအတွငး် စိုးရိမ်စိတ်တွေဖြစ်ပေါ်ခဲ့ရပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယား ရဲ့ ဒုံးပျံ အစီအစဉ်တွေ၊ အနုမြူစီမံကိန်းတွေ အောင်မြင်သွားမှာကို အမေရိကန်ရော၊ တောင်ကိုရီးယားပါ စိုးရိမ်နေကြတာပါ။ ဒါကြောင့်လည်း တောင်ကိုရီးယား အနေနဲ့ ကင်ဂျံုအန်းကို လုပ်ကြံသတ်ဖြတ်ဖို့ အတွက် အစောတလျင် အထူးတပ်ဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းဖို့ စီစဉ်နေတာပါ။

အရင်တုန်းကလည်း မြောက်ကိုရီးယားခေါငး်ဆောင်တွေကို လုပ်ကြံဖို့ ကြံစည်မှု တွေရှိခဲ့ပါတယ်။ ကင်ဂျံုအန်း ရဲ့ ဖခင် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျံုအီး လက်ထက်မှာ လည်း လုပ်ကြံရန် ကြံစည်မှာ စိုးရိမ်မှုကြောင့် ကင်ဂျံုအီး အနေနဲ့ လပေါင်းများစွာ လုံခြံုတဲ့ ဘန်ကာထဲမှာ ခိုအောင်းနေခဲ့ ရဖူးပါတယ်။ ဒါပေမယ့် လည်း ကင်ဂျံုအန်း ကို လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှု ဟာ အောင်မြင်ရန်အခွင့်အလမ်း နညး်ပါးပြီး အန္တရာယ် လည်းများတဲ့ အစီအစဉ်လည်းဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။

Source: msn news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။