ဒီလို တွေးလိုက်တိုင်း ကြေးအိုးက ဆိုင်မှာ စားရတာနဲ့ တူပါ့မလားဆိုတဲ့ အတွေးတစ်ခုပါပဲ။ ကြေးအိုးမှာ ဟင်းရည်က အဓိက ကျတာမို့ အခု ပေးထားတဲ့ နည်းအတိုင်းသာ ချက်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ စားရတာ စိတ်တိုင်းကျမယ်လို့လည်း မျှော်လင့်ပါတယ်။

ပါ၀င်သော ပစ္စည်းများ

- ကြက်ရိုး (သို.မဟုတ်) ၀က်ရိုး

- အူစုံ ၊ အသည်းစုံ

- တောက်တောက်စင်းထားသော အသား

- ငုံးဥ

- ပဲပြား

- မုန်ညင်းစိမ်း

- ဆန်ပြား၊ ကြာဆံ

- ဘဲငန်းပျံ ငရုပ်ဆီ

- ရှာလကာရည်

- ငရုပ်သီးစိမ်း

- ကြက်သွန်ဖြူ

ဟင်းရည်ပြုလုပ်နည်း

ကြက်ရိုး (သို့မဟုတ်) ၀က်ရိုးကို ရေဆေးပြီး အိုးထဲတွင် ရေနှင့် ထည့်ပြုတ်ပါ။ ဆား ၊ အချိုမှုန့် (သို့မဟုတ်) ဟင်းခတ်မှုန့် ထည့်ပါ။ အရသာကို ပြောင်းသွားနိုင်တာကြောင့် ကြက်သားမှုန့်ကိုတော့ မထည့်သုံး သင့်ပါဘူး။ အချို လေးလေး ဖြစ်အောင် သကြားကို ချိန်ဆထည့်ပါ၊ အရိုးများ နူးနေသည်အထိ ပြုတ်ပေးပါ။ အရသာ ပိုကောင်းစေရန် ရည်ရွယ်ပြီး ဂျင်း၊ တရုတ်နံနံနှင့် အခြား အရသာများကို လုံးဝ မထည့်သင့်ပါဘူး။

အသားနှင့် အရွက်များ ပြင်ဆင်ခြင်း

၁။ တောက်တောက်စင်းထားသော အသားများကို ကော်မှုန့်၊ ဆား၊ အချိုမှုန့်၊ ကြက်ဥ အကာ

(အနှစ်ပါ ထည့်နိုင်ပါတယ်)၊ ကြက်သွန်မြိတ်၊ ငရုပ်ကောင်း တို့နှင့် နယ်ပြီး နှပ်ထားပါ။ အသားလုံးတဲ့ အခါမှာလည်း တရုပ်မဆလာ ကြိုက်ရင် ထည့်ပြီး နှပ်ထားနိုင်ပါတယ်။ အသားလုံးကို ငါးဖယ်ထည့်လုံးနိုင်ရင်တော့ အကောင်းဆုံးပါဘဲ။ ငါးဖယ် ၀ယ်မရနိုင်ခဲ့ရင်တော့ ကော်မှုန့် နိုင်နိုင်လေးနဲ့ လုံးပေးပါ။

၂။ မုန်ညင်းစိမ်းအရွက်ကို ချွေပြီး ဆေးထားပါ။

၃။ အသည်းအမြစ်၊ အူစုံ၊ အသည်းစုံတို့ကို ရေစင်စင်ဆေး၊ အနေတော်လှီးပြီး ဆား၊ အချိုမှုန့်တို့နှင့် နယ်ထားပါ။ ထို့နောက် အမျိုးအစား တခုစီအလိုက် သပ်သပ်စီခွဲပြီး ပြုတ်ပါ။ ဗန်းထဲတွင် အသင့်ပြင်ထားပါ၊

(ဟင်းရည် ထဲတွင် အလွယ် ထည့်မပြုတ်ပါနှင့်)

၄။ ငုံးဥ ကို ပြုတ်ပြီး အခွံနွထားပါ။ ပဲပြားကို လိုသလောက် အတုံးလေး လှီးထားပါ၊

၅။ ကြာဇံ ကို ရေစိမ်ပြီး စစ်ထားပါ။ ဆန်ပြားကြိုက်လျှင် ဆန်ပြား အသုံးပြုနိုင်ပါတယ်။

၆။ နှမ်းဆီကို ပူအောင် ဒယ်အိုးမှာ တည်ပါ။ ခွက်ထဲသို့ ငရုပ်ကောင်း လှော်ထောင်းကို ထည့်ထားပါ။ ထို့နောက် ဆီပူ လောင်းထည့်ပြီး အဆင်သင့် ပြင်ထားပါ၊

ကြေးအိုးပြင်နည်း

- သီးသန့် လက်ကိုင်အိုးထဲတွင် တပွဲစာ ဟင်းရည်ထည့်၊ အသားလုံး လှီးထည့်ပြီး ပွက်အောင်တည်ပါ။

- အူစုံ အသည်းစုံထည့်ပါ။ ကြာဆံ (သို့) ဆန်ပြားကို အလိုရှိသလောက်ထည့်ပြုတ်ပါ။

- ပဲပြား၊ ငုံးဥ ထည့်ပါ။ အရွက်စိမ်းတို့အား နောက်ဆုံးမှ ထည့်ပါ။

- ပွက်ပွက်ဆူလာလျှင် အသား ကျက်မကျက် ချိန်ဆ ပြီးမှ ပန်းကန်ထဲသို့ လောင်းထည့်ပါ။

- ပြီးရင် နှမ်းဆီ ငရုပ်ကောင်း (သို့) ငရုပ်ကောင်း လှော်ထောင်းကို လိုသလောက်ထည့်ပြီး စားပါ။

အချဉ်ရည် ပြင်ဆင်နည်း

ငရုပ်သီး စိမ်း ကို ပါးပါးလှီး၊ ရှာလကာရည် ၃ ဇွန်း၊ သကြားတစ်ဇွန်း၊ ဆားအနည်းငယ်၊ ငံပြာရည် အနည်း ငယ် နှင့် ရေအနည်းငယ် ထည့် (ရေကျက်အေး) တို့ အားလုံးကို ထည့်မွှေပြီးလျှင် အရသာမြည်း၍ လိုသလို ထပ်ဖြည့်ပါ။ ငရုပ်ဆီ နှင့် တွဲပြီးလည်း ကြေးအိုးကို စားနိုင်ပါတယ်။

ကဲ အခုဆိုရင်တော့ အရသာရှိလှတဲ့ ကြေးအိုးရော၊ အချဉ်ရောရော အားလုံး အစုံအလင် ရပြီမို့ အရသာ ရှိရှိ သုံးဆောင်နိုင်ပါပြီ။ အားလုံးပဲ ကျန်းမာ၊ ချမ်းသာကြပါစေရှင် …. ။

သတင်းအရင်းအမြစ် - မီးဖိုချောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။