မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူလ်းအသင်းနဲ့ ဘန်လေအသင်းတို့ဟာ တစ်ဖက် ၁ ဂိုးစီနဲ့ သရေရလဒ်ကို ပိုင်ဆိုင်ခဲ့ကြတာလည်းဖြစ်ပါတယ်။ဘန်လေအသင်းဟာ ယခုနှစ်ဘောလုံးရာသီမှာ အသင်းကြီးတွေဖြစ်တဲ့ ချဲလ်ဆီး ၊လီဗာပူလ်း ၊စပါးအသင်းတို့ကို ရှုံးပွဲမရှိအောင် ကစားထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။သရေရလဒ်ကြောင့် နှစ်သင်းလုံးဟာ တစ်ပွဲအသာ နဲ့ လီဗာပူလ်းအသင်းက အဆင့် ၇ ဘန်လေအသင်း က အဆင့် ၆ နေရာမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။

လီဗာပူလ်းအသင်းရဲ့ပွဲထွက်လူစာရင်းမှာ မာနေး မပါဝင်နိုင်ခဲ့တာကြောင့် ဖာမီနို ၊ ဆာလက် ၊ကော်တင်ဟို ၊စတားရစ်၊ အမ်မရီကန် ၊ ဂျိန်းမီနာ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဘန်လေအသင်းဟာ သူတို့အသင်းရဲ့ တောင့်တင်းတဲ့ပွဲထွက်လူစာရင်းဖြစ်တဲ့ ခရစ်ဝုဒ် ၊ စကော့အာဖီး ၊ ဘရာဒီ ၊ စတီဗင်ဒီဖော ၊ ဂျာ့ကော့ဒ် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။လီဗာပူလ်းအသင်းရဲ့ ဂိုးပေါက်ကန်သွင်းမှုနဲ့ ဘောလုံးပိုင်ဆိုင်မှုဟာ ဘန်လေအသင်းထက် အပြတ်အသတ် ကွာဟနေခဲ့သော်လည်း ဘန်လေအသင်းရဲ့ နောက်တန်းနဲ့ ဂိုးသမားကို ကျော်ဖြတ် နိုင်ခဲ့ခြင်းမရှိတာလည်းဖြစ်ပါတယ်။

ပထမပိုင်း ၂၇ မိနစ်မှာပဲ ဘန်လေအသင်းအတွက် အဖွင့်ဂိုး စရရှိခဲ့တာလည်းဖြစ်ပါတယ်။ဒီဂိုးကိုတော့ စကော့ အာဖီးလ်း က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ချက်ချင်းဆိုသလိုပဲ လီဗာပူလ်းအသင်းအတွက်ချေပဂိုးကို မိနစ် ၃၀ မှာ ဆာလက်က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။မာနေးမပါဝင်နိုင်တဲ့ လီဗာပူလ်းအသင်းရဲ့ တိုက်စစ်ကတော့ နှစ်ပွဲဆက် သရေ ရလဒ်သာစွမ်းဆောင်ထားနိုင်ခဲ့တာ လည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။