သူမ နာမည်ကတော့ Kate Murdoch ပါ။ အသက် ၂၄ နှစ်ရှိပါပြီ။ သူမဟာ Tiny Kitchen လို့ခေါ်တဲ့ အင်တာနက် အစီအစဉ်မှာ စီစဉ်တင်ဆက်နေသူပါ။ သူမဟာ အဲ့ဒီ့ အစီအစဉ်မှာ သေးငယ်တဲ့ အစားအစာ တွေကို ပြုလုပ်ပါတယ်။

သူမ က သူမအတွေ့အကြုံတွေကိုပြောပြရာမှာတော့ "သာမန်လူတွေ မီးဖိုချောင် ၀င်ရင်တော့ အပူလောင်မှာ ကိုစိုးရိမ်ရမှာပါ။ ဒါပေမယ့် ကျွန်မ အတွက််တော့ အပူလောင်မှာ ထက် ကျွန်မရဲ့ လက်ကို ပိုဂရုပြုရပါတယ်။ ဘာလို့လဲဆိုတော့ အစားအစာတွေက အလွန်သေးငယ်လို့ပါ။ အသုံးပြုတဲ့ပစ္စည်း ကအစ၊ ပါ၀င်တဲ့ပစ္စည်းအဆုံး အားလုံးဟာ သေးသေးလေးတွေပါ။ " လို့သူမကပြောပါတယ်။

"ကျွန်မ အလုပ်လုပ်တဲ့ မီးဖိုချောင်ကလည်း တကယ့်ကိုသေးသေးလေးပါ။ ဂျပန်နိုင်ငံမှာ အခုလို ချစ်စဖွယ်သေးငယ်တဲ့ ပစ္စည်းလေးတွေ လုပ်တာ ခေတ်စားနေတာ ကြောင့် အတုယူပြီးလုပ်ဖြစ်သွားတာပါ။ အခုတော့ ကျွန်မရဲ့ YouTube မှာ ချက်ပြုတ်တဲ့ အစီအစဉ် ကို ထောင်ပေါင်းများစွာ သော ပရိသတ်တွေကြည့်နေကြပါပြီ။ " လို့သူမကဆက်ပြောခဲ့ပါတယ်။ သူမ ရဲ့ သေးငယ်တဲ့ အစားအစာပြုလုပ်ပုံတွေကို ပရိသတ်တွေ အလွန်သဘောကျကြတာကြောင့် Tiny Kitchen အစီအစဉ်ဟာ YouTube မှာအရမ်းကိုအောင်မြင်တဲ့အစီအစဉ်ဖြစ်နေပါပြီ။

Source: The Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။