ရှမ်းရိုးမဆီတဖြည်းဖြည်းသွားနေတဲ့နေရှင်နယ်လိဂ်ဖလားကြီး


လက်ရှိချန်ပီယံရတနာပုံဆောက်သမ်းအသင်းကိုရှုံးပြီး

ခြေချော်သွားပေမယ့်ရှမ်းရိုးမသားတွေကတော့

သူတို့ရဲ့ပထမဆုံးနေရှင်နယ်လက်ရှိ်ချန်ပီယံဆုအတွက်အမှား

အယွင်းမရှိသေးပါဘူး။ကစားရခက်ခဲလှတဲ့

ရခိုင်အသင်းကိုသုံးဂိုးပြတ်အနိုင်ကစားခဲ့ပြီး

ဒီအပါတ်မှာလည်းတန်းစီးဇယားထိပ်ဆုံးမှာဆက်လက်ရပ်

တည်သွားပါတယ်။

နည်းပြဦးစိုးမြတ်မင်းအနေနဲ့ဒီပွဲကိုအနိုင်ရဖို့အကောင်းဆုံး

ပြင်ဆင်လာခဲ့တာကိုတွေ့ရပြီးကစားသမားတွေကလည်း

အကောင်းဆုံးကြိုးစားကစားသွားခဲ့ကြလို့ဂိုးပြတ်နိုင်ပွဲ

ရရှိခဲ့တာပါ။ရှမ်းယူနိုက်တက်အသင်းရဲ့ဂိုးတွေကတော့နိုင်ငံခြားသား

ကစားသမားတွေဖြစ်တဲ့ခရစ္စတိုဖာကနှစ်ဂိုးကိုရီးယားကစားသမားဟန်ကတစ်ဂိုးသွင်းယူပေးသွားခဲ့ပါတယ်။ရှမ်းအသင်းဟာ

ဒီပွဲအနိုင်ကြောင့်ချန်ပီယံဆုအတွက်အခြေအနေကောင်း


ရှမ်းအသင်းဟာဒီပွဲအနိုင်ရခဲ့ပေမယ့်ချန်ပီယံဆုကျိနး်သေ

ပြီလို်မပြောနိုင်သေးဘသူ့ရဲ့နောက်မှာရန်ကုန်အသင်းကကပ်လိုက်နေပါတယ်။နောက််ပွဲစဉ်မှာရှမ်းယူနိုက်တက်ဟာ

သူ့ရဲ့အိမ်ကွင်းမှာရန်ကုန်အသင်းနဲ့ကစားသွားရမှာပါ။

အဲ့ဒီပွဲဟာဒီနှစ်မြန်မာနေရှင်နယ်လိဂ်ချန်ပီယံဘယ်သူလဲ

ဆိုတာအဆုံးအဖြတ်ပေးမယ့်ပွဲစဉ်ဖြစ်လာမှာပါ။

ရှမ်းယူနိုက်တက်နဲ့ရန်ကုန်ရဲ့ပွဲကိုစောင့်ကြည့်ကြပါစို့။

Source-MNL

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။