ပရိသတ်ကြီးရေ ညပိုင်းမှာ ပုစွန်ချဉ်စပ်ဟင်းရည်လေး မစားချင်ဘူးလား။ ဆိုင်မှာ ၀ယ်စားပြီး မဝသေးတဲ့အခါ ကိုယ့်အိမ်မှာပဲ ကိုယ် မိသားစုသူငယ်ချင်းတွေနဲ့အတူ စားလို့ရတယ်နော်။ နည်းလမ်းလေးကို အက်မင်က ပြန်လည်မျှဝေပေးချင်ပါတယ်။

အရာအားလုံးအဆင်သင့်ရှိရင်လွယ်ကူလှပေမယ့်ဒီပာင်းပွဲရဲ့အဓိကဖြစ်တဲ့တုန်ယမ်းပာင်းအနှစ်ကတော့လူကိုပင်ပန်းစေပါတယ်။ခုချိန်မှာအသင့်သုံး( Ready to use )တွေကိုကြိုက်ရာတံဆိပ်ရွေးချယ်ဝယ်ယူနိူင်ပါတယ်...။

ခုဖော်ပြထားတာကတော့လူ(၄)ယောက်စာ

ချက်နည်းပါ။အသေးစိတ်တွေကိုမပြောတော့ပါဘူး။ဥပမာ။ကြက်ပြုတ်ရည်၊တုမ်ယမ်း

ပာင်းအနှစ်စသည်ဖြင့်ပေါ့။

ပါ၀င်ပစ္စည်းများ-

ကြက်ပြုတ်ရည်...............(၂) လီတာ

စပါးလင်........................( ၃) ပင်။

ခပ်ထူထူ / စောင်း လှီးထားပေးရန်။

တောရှောက်ခါးရွက်..........(၄)ရွက်

ဖဲ့ခြွေထားရန်။

ပဒဲကော........................(၁) တက်။

ပါးပါးလှီးထားရန်။

ငရုတ်စိမ်းတောင့်နီ............(၂) တောင့်။

ပါးပါးလှီးထားရန်

ငါးငံပြာရည်.................... (၂) ဇွန်း

သကြား..........................( ၁) ဇွန်းခွဲ

ကောက်ရိုးမှို....................(၅) ခု။

ခပ်ကြီးကြီးလှီးပြီးသန့်စင်ထားရန်

ပုစွန်...............................၀.၅ ကီလို။

အခွံခွာသန့်စင်ထားရန်

သံပုရာရည်......................(၂) ဇွန်း။

ရှမ်းနံနံ/ နံနံပင်.................အနည်းငယ်

ငရုတ်ခြောက်တောင့်ကြော်....( ၄) တောင့်၊ အလှဆင်ရန်

အုန်းနိူ့............................၀.၄ လီတာ။

ကျိုပြီးစစ်ထားရန်။

တုမ်ယမ်းပာင်းအနှစ်.............(၁) ဇွန်း

ကြက်သွန်နီ........................(၁) လုံး

၈စိတ်ခွဲလှီးရန်။

ခရမ်းချဉ်သီး.......................(၁) လုံး

၈စိတ်ခွဲလှီးရန်

ချက်ပြုတ်ပုံ

ပထမဆုံးကြက်သားပြုတ်ရည်ထဲကိုစပါးလင် ၊ပဒဲကော၊ တုမ်ယမ်းပာင်းအနှစ်၊ငရုတ်သီးစိမ်းတောင့်နီ ၊ တောရှောက်ခါးရွက် ၊ ကြက်သွန်နီလေးစိတ်ခွဲတို့နှင့်ဆူပွက်အောင်အပူပေးပါ။

ဟင်းရည်ဆူလာလျှင်ငါးငံပြာည်၊သံပုရာရည်၊ ပာင်းခတ်မှုန့်သကြားတို့နှင့်ချဉ်စပ်အရသာရ

အောင်ဖြည့်စွက်ပါ။

ပြီးမှပုစွန် ၊ကောက်ရိုးမှိုတို့ကိုထပ်ပေါင်းထည့်ပါ။

မိမိနှစ်သက်သောအရသာရလျှင်အုန်းနို့ထည့်ပေါင်းပြီးစားသုံးခါနီးအချိန်မှ

ခရမ်းချဉ်သီးရှမ်းနံနံ၊ နံနံဖြည့်စွက်ကာငရုတ်သီးခြောက်တောင့်ကြော်လေးနဲ့အလှဆင်ပေးပါ။

အရသာအနေနဲ ့ကတော့ချို၊ ချဉ်၊ ငံ၊ စပ် ၊ အီ၊ မွှေးနေတဲ့အရသာပါ။..

ကဲ စားချင်စဖွယ်လေးဖြစ်ပြီဆိုရင်တော့ ဘယ်အချိန်ဖြစ်ဖြစ် ကိုယ့်မိသားစု သူငယ်ချင်းတွေနဲ့ စားလိုက်ပေတော့။ 

Source : ဟင္းခ်က္နညး္မ်ား 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။