တရုတ်နိုင်ငံ ဘေကျင်းမြို့မှာ အခြားသူတွေနဲ့ လိင်ဆက်ဆံဖော်အရုပ်တွေကို Ta Qu ကုမ္ပဏီကနေ စတင် စမ်းသပ်ငှားရမ်းနေပြီလို့ ရှန်ဟိုင်းရစ်သတင်းမှာ စက်တင်ဘာ ၁၅ ရက်နေ့က ဖော်ပြထားပါတယ်။

လိင်ဆက်ဆံဖော်အရုပ်တွေကို ငှားရမ်းဖို့ သုံးစွဲသူတွေအနေနဲ့ ယွမ် ၈၀၀၀ စရန်သတ်ထားရပြီး တပတ်အတွက် အရုပ်ငှားခ ယွမ် ၁၂၉၈ ယွမ်နဲ့ တနေ့စာ အရုပ်ငှားခ ၂၉၈ ယွမ်ဖြစ်တယ်လို့ ဂလိုဘယ်တိုင်းမ်စ်သတင်းက ထုတ်ပြန်ထားပါတယ်။ အရုပ်တွေကို သုံးစွဲသူရဲ့ အိမ်တံခါးရှေ့အရောက် ပို့ဆောင်ပေးတယ်လို့ သိရပါတယ်။

လက်တလောမှာ အရုပ်အမျိုးအစား ၅ မျိုးရှိပြီး ဂရိရေကူးဝတ်စုံဝတ်မော်ဒယ်၊ အမေရိကန်အံ့သြဖွယ်အမျိုးသမီး၊ ကိုရီးယားအိမ်ရှင်မ၊ ရုရှားဆယ်ကျော်သက်နဲ့ ဟောင်ကောင်ကားပြိုင်ပွဲ အားပေးသူဆိုပြီး လိင်ဆက်ဆံဖော်အရုပ်မတွေကို အမည်ပေးထားပါတယ်။ သုံးစွဲသူတွေအကြိုက် အရုပ်မတွေကို ဆံပင်မျက်လုံးအရောင်နဲ့ အဝတ်အစားတွေကို ရွေးချယ်နိုင်တယ်လို့လည်း ဆိုပါတယ်။

လိင်ဆက်ဆံဖော်အရုပ် ငှားရမ်းတဲ့ ကုမ္ပဏီရဲ့ တရားဝင် စည်းမျဉ်းစည်းကမ်းကို ရှင်းပြတဲ့အနေနဲ့ အရုပ်တွေရဲ့ သန့်ရှင်းသပ်ရပ်မှုနဲ့ပတ်သက်ပြီး သုံးစွဲသူတွေအနေနဲ့ စိတ်ပူဖို့ မလိုဘူးလို့ ပြောထားပါတယ်။

“အရုပ်တွေရဲ့ အောက်ပိုင်းကို သုံးစွဲသူအတိုင်းအတွက် ပြောင်းလဲပေးမယ်” လို့ ကုမ္ပဏီက ဆိုပါတယ်။

Ta Qu ကုမ္ပဏီက တရုတ်နိုင်ငံရဲ့ အောင်မြင်နေတဲ့ အရုပ်စျေးကွက်မှာ သူတို့ကုမ္ပဏီ နာမည်ရဖို့ လက်တလောကြိုးစားနေပြီး ဝီဘိုလူမှုကွန်ရက်စာမျက်နှာပေါ်မှာ ကုမ္ပဏီကို ကြိုက်နှစ်သက်သူ နောက်လိုက်ပေါင်း ၃ သိန်းရှိပြီး အရောင်းမြှင့်တင်တဲ့အနေနဲ့ ကွန်ဒုံ ၂ သောင်းကို အလကား ဝေငှသွားမယ်လို့လည်း ကြေညာထားပါတယ်။

Source :DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။