ကျဉ်းမြောင်းတဲ့အနိုင်ရလဒ်နဲ့ရန်ကုန်


မြန်မာနေရှင်နယ်လိဂ်ဒီအပါတ်မှာခြေချော်သွားတဲ့သူက

ရတနာပုံအသင်းဖြစ်ပြီးကျန်တဲ့ထိပ်သီးအသင်းတွေဖြစ်တဲ့

ရန်ကုန်နဲ့ရှမ်းတို့ကတော့အမှားအယွင်းမရှိဆက်လက်ချီတက်ဆဲ။ရှမ်းအသင်းကတော့ရခိုင်ကိုဂိုးပြတ်အနိုင်ကစားသွားပြီး

ထိပ်ဆုံးမှာဦးဆောင်နေပါတယ်။ရန်ကုန်ကလည်းအိမ်ကွင်းမှာ

နာမည်ကျော်တောင်ပံကစားသမားမောင်မောင်လွင်

ပါဝင်တဲ့ဟံသာဝတီကိုအနိုင်ယူကာရှမ်းအသင်းရဲ့

နောက်နှစ်မှတ်အကွာကနေကပ်လိုက်နေခဲ့ပါတယ်။

ရန်ကုန်အသင်းအနိုင်ရခဲ့တယ်ဆိုပေမယ့်လွယ်လွယ်ကူကူ

တော့မဟုတ်ခဲ့ပါဘူး။ဒီနေ့ပွဲမှာရန်ကုန်အသင်းဂိုးသမား

နေရာအပြောင်းအလဲပြုလုပ်ခဲ့ပြီးပြီးခဲ့တဲ့GFAနဲ့ပွဲမှာ

ဒဏ်ရာရသွားနဲ့ကျော်ဇင်ထက်နေရာမှာဆီးဂိမ်းစတား

ဆန်းဆက်နိုင်ဝင်ဖမ်းခဲ့ပါတယ်။ကျန်တဲ့ကစားသမား

တွေကတော့ကျော်ကိုကို၊ဆီဇာ၊ဒေးဗစ်ထန်အစုံအလင်ပါပဲ။


ဟံသာဝတီကိုတော့နာမည်ကျော်တောင်ပံကစား

သမားမောင်မောင်လွင်ဦးဆောင်လာခဲ့ပါတယ်။

ခြေစွမ်းကျဆင်းနေတဲ့ဟံသာဝတီဟာဒီပွဲမှာရန်ကုန်ကို

ဖိအားပေးနိုင်မှုတွေပျောက်ဆုံးနေခဲ့ပါတယ်။

ရန်ကုန်အတွက်တစ်လုံးတည်းသောအနိုင်ဂိုးကိုတော့

အီမာဆင်ကပယ်နယ်တီကနေတဆင့်သွင်းယူပေးသွား

တာပါ။ဒီပွဲအနိုင်ကြောင့်နောက်အပါတ်တွေ့မယ့်

ရန်ကုန်နဲ့ရှမ်းပွဲကအရမ်းစိတ်လှုပ်ရှားစရာကောင်း

သွားခဲ့ပါတယ်။

Source-MNL

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။