အမေရိကန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွားလူငယ်လေးဦး ဟာ ပြင်သစ်နိုင်ငံ မာဆေးမြို့ ဘူတာရုံတစ်ခုမှာ တနင်္ဂနွေနေ့က အက်ဆစ်နဲ့ တိုက်ခိုက်ခံခဲ့ရပါတယ်။ သံသယ ဖြစ်ဖွယ် အသက် ၄၁ နှစ်အရွယ် အမျိုးသမီးကိုလည်း ဖမ်းဆီးလိုက်ပါတယ်။

တနင်္ဂနွေ မနက်ပိုင်း တိုက်ခိုက်မှုမှာ အဲ့ဒီ့ လူငယ်လေးဦးထဲက အမျိုးသမီးနှစ်ယောက်ကတော့ မျက်နှာမှာ ထိခိုက်သွားပါတယ်။ တစ်ယောက်ကတော့ မျက်စိမှာ ပါထိခိုက်ဒဏ်ရာရသွားပါတယ်။ တိုက်ခိုက်ခံရတဲ့ အမျိုးသမီးလေးယောက်လုံးဟာ အသက် ၂၀ ၀န်းကျင်လောက် ရှိကြပြီး သူတို့အားလုံးကို ဆေးရုံပို့ထားရပါတယ်။ နှစ်ယောက်ကလည်း ရှော့ဖြစ်သွားပါတယ်။ လို့ သက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ က တယ်လီဖုန်းနဲ့ မေးမြန်းမှုမှာ ပြောကြားထားပါတယ်။

ပြောရေးဆိုခွင့်ရှိသူ က ဆက်လက်ပြောကြားရာမှာတော့ သံသယရှိသူဟာ တိုက်ခိုက်မှုကိုပြုလုပ်စဉ် အစွန်းရောက် ခြိမ်းခြောက်မှု ဒါမှမဟုတ် အကြမ်းဖက်တိုက်ခိုက်မှု အဖြစ်ကြေညာတာမျိုး ပြုလုပ်တာတော့မတွေ့ရဘူး လို့ ပြောကြားခဲ့ပါတယ်။ အဆိုပါ ပြောရေးဆိုခွင့်ရှိသူက "အကြမ်းဖက်မှု အဖြစ်ကြေညာတာမျိုးတော့ မတွေ့ရသေးပါဘူး၊ ဒါပေမယ့် အကြမ်းဖက်မှုနဲ့ ဆက်နွယ်မှု ရှိမရှိ ကို တာဝန်ရှိသူတွေအနေ နဲ့ ဆက်လက်စုံစမ်းစစ်ဆေးနေပါတယ်" လို့ပြောကြားသွားခဲ့ပါတယ်။ နောက်ဆုံး သတင်းတွေအရ တိုက်ခိုက်မှုပြုလုပ်တဲ့ သံသယရှိသူဟာ စိတ်ပိုင်းဆိုင်ရာရောဂါ ခံစားနေတယ်လို့သိရပါတယ်။

ပြင်သစ်နိုင်ငံ မှာရှိတဲ့ အမေရိကန်သံရုံး ပြောခွင့်ရပုဂ္ဂိုလ် ကတော့ မာဆေးမြို့မှာ ရှိ တဲ့ အမေရိကန်သံရုံးမှ တာဝန်ရှိသူဟာ ပြင်သစ်အာဏာပိုင်တွေ နဲ့ ပူးတွဲပြီး ဒီကိစ္စကို စုံစမ်းစစ်ဆေးနေပါတယ် လို့ဆိုပါတယ်။ သူက ဆက်ပြီး အမေရိကန် အာဏာပိုင်တွေအနေနဲ့ ထို ကမ္ဘာလှည့်ခရီးသွားလူငယ်လေးဦး ရဲ့ ကိုယ်ရေးကိုယ်တာ ကို ကာကွယ်တဲ့ အနေနဲ့ သူတို့ဘာဖြစ်ခဲ့တယ်ဆိုတာ ကို ချက်ချင်းဖြေကြားနိုင်မှာမဟုတ်ပါဘူး လို့ပြောကြားသွားခဲ့ပါတယ်။

Source: AP News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။