Matt လို့ခေါ်တဲ့ သူတစ်ဦးဟာ အွန်လိုင်းပေါ်မှာ နာမည်ကြီးနေပါတယ်။ ဘာလို့လည်းဆိုတော့ သူဟာ ဟမ်ဘာဂါ အစားပြိုင်ပွဲ မှာ ငါးမိနစ်အတွင်း ကုန်အောင်စားနိုင်ခဲ့လို့ပါ။ ဒီပြိုင်ပွဲမှာ သူဟာ သူ့ရဲ့ပြိုင်ဘက် Leah Shutkever ရဲ့စံချိန် ၆ မိနစ်နဲ့ ၁၅စက္ကန့် ကိုကျော်လွန်အောင် ကြိုးစားယှဉ်ပြိုင်ခဲ့တာပါ။

Matt Stonie ဟာ အံ့သြစရာကောင်းလောက်အောင် ဟမ်ဘာဂါ အကြီး ၄ လုံး၊ အာလူးကြော် ၄ ထုပ် နဲ့ Vanilla မစ်ရှိတ် ၄ ခွက် တို့ကို ငါးမိနစ်အတွင်း စားပြခဲ့နိုင်ပါတယ်။ ဒီပြိုင်ပွဲကို အွန်လိုင်းမှ ကြည့်ရှုသူပေါင်း နှစ်မီလီယံနီးပါးရှိခဲ့ပါတယ်။

Matt ဟာ ဟမ်ဘာဂါ အကြီး ၄ လုံး နဲ့ မစ်ရှိတ် ၁ ခွက်တို့ကို ပွဲစပြီး တစ်မိနစ်နဲ့ ၄၀ စက္ကန့်မှာတင်ကုန်အောင်စားပြသောက်ပြနိုင်ခဲ့ပါတယ်။ အာလူးကြော် ၄ ထုပ်ကတော့ သူ့အတွက်ပိုခက်ခဲခဲ့ပါတယ်။ အာလူးကြော်တွေကို မျိုချဖို့ မစ်ရှိတ်ကို များများသောက်ခဲ့ရပါတယ်။ နောက်ဆုံးကျန်တဲ့ မစ်ရှိတ် ၂ ခွက်ကိုလည်း စက္ကန့် နှစ်ဆယ်အတွင်းကုန်အောင် သောက်ပြပြီး ပရိသတ်ကိုအံ့အားသင့်စေခဲ့ပါတယ်။ Matt ကပြောကြားရာမှာတော့ "ကျွန်တော်ဒီပြိုင်ပွဲမှာအကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဗိုက်တော့ အတော်ပြည့်သွားပါတယ်။" လို့သူကပြောပါတယ်။ 

Source: The Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။