တနင်္ဂနွေညကတော့ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်(၅)ကို ကစားခဲ့ကြပါတယ်။ မန်ချက်စတာယူနိုင်တက်ကတော့ အဲဗာတန်အသင်းနှင့် ကစားခဲ့ရပါတယ်။ အဲဗာတန် အသင်းမှာတော့ မန်ချက်စတာယူနိုင်တက်၏ ဂန္တာဝင်ကစားသမား ရွန်းနီက ပွဲထွက်ပါ၀င်လာပါတယ်။ မန်ချက်စတာယူနိုင်တက်ကတော့ လူကာကူ၊ရက်ဖိုနှင့် အမ်ခီတာရန်းတို့ကိုတိုက်စစ်ထားကာထွက်လာပါတယ်။ ပွဲစ၍မကြာခင်မှာဘဲ မန်ချက်စတာယူနိုင်တက်အတွက် ဦးဆောင်ဂိုးကို ပွဲချိန်(၄)မိနစ်မှာ ဗလင်စီယာက လှလှပပ ကန်သွင်းယူခဲ့ပါတယ်။  

သို့သော် ပွဲချိန် ၈၂မိနစ်မှာ အဲဗာတန်အသင်းက ရွန်းနီကို လူစားလဲထုတ်ခဲ့ပါတယ်။ ရွန်းနီထွက်ပြီးနောက်မှာတော့ မန်ချက်စတာယူနိုင်တက်က တိုက်စစ်ဖွင့်ကစားနိုင်ခဲ့ပါတယ်။ ပွဲချိန် ၈၃မိနစ်မှာ အမ်ခီတာရန်းက လူကာကူရဲ့ပေးပို့မှုကနေ ဂိုးသွင်းခဲ့ပါတယ်။ ဒါ့အပြင် လူကာကူက ပွဲချိန် ၈၉မိနစ်မှာ တတိယဦးဆောင်ဂိုးကို သွင်းခဲ့ပါတယ်။ ပွဲပြီးခါနီးမှာတော့ မာရှယ်က ပင်နယ်တီကနေ ၄ဂိ်ုးမြောက် ဦးဆောင်ဂိုးကို သွင်းခဲ့ပါတယ်။ ဒါကြောင့် မန်ချက်စတာယူနိုင်တက်က အဲဗာတန်ကို ၄-၀ ရလဒ်ဖြင့် အနိုင်ရကာ ဇယားထိပ်ဆုံးတွင် မန်စီးတီးနှင့် ဂိုးကွာခြားချက် ရမှတ်တူဖြင့် ရပ်တည်နေပါတယ်။ 

မန်ချက်စတာယူနိုင်တက် နည်းပြ မော်ရင်ဟိုက ပွဲအပြီးမှာတော့ “ဒီပွဲကို ၁-၀ ၊ ၂-၀ လောက်ပဲ ထင်ခဲ့ပါတယ် ။ ၁-၁ လောက်နဲ့ ပြီးသွားမယ်လို့တောင် ထင်ခဲ့မိတာပါ ။ ကျွန်တော်တို့ ၂-၀ နဲ့ အနိုင် ရနေခဲ့ပြီး တတိယ နဲ့ စတုတ္ထ ဂိုးတွေက တော့ အဲဗာတန် အသင်းဘက်က အားလျော့သွားတာကြောင့် ရခဲ့တာတွေပါ ။ ပျော်ရွှင်နေတဲ့ အသင်းတစ်သင်းနဲ့ ၀မ်းနည်းကြေကွဲနေတဲ့ အသင်း တစ်သင်းကြားက ကွာခြားချက်ဖြစ်သွားခဲ့တာပါ ။ တတိယ နဲ့ စတုတ္ထဂိုးတွေက ရလဒ် ကို သေချာစေဖို့ ထပ် လောင်းပေးနိုင်ခဲ့ပါတယ်။ ၁၂ ဂိုး ၊ အိမ်ကွင်းပေးဂိုးမရှိ ၊ ဒါတွေအတွက် ကျွန်တော်ပျော်ရွှင်မိပါတယ် ။ မနှစ်ကနဲ့ ဆိုရင် လုံးဝကို ကွာခြား သွားခဲ့ပါပီ ။ ကျွန်တော်တို့ ကစားပုံ ပိုကောင်းလာခဲ့သလို ဂိုးတွေလည်း ပိုသွင်းလာနိုင်ခဲ့ပါတယ် ။ ပွဲတိုင်းဟာ မတူခြားနားတဲ့ ပွဲတွေဖြစ်ခဲ့ပါတယ် အခု နောက်လာမယ့် ပွဲအတွက် ပြင်ဆင် ရပါဦးမယ် ။ ဘာတန် အသင်း က ဖူလ်ဟမ် နဲ့ ပွဲမှာ အရေးပါတဲ့ ရလဒ် ကို ယူဆောင်နိုင်ခဲ့ပါတယ် ။ ကျွန်တော်တို အတွက် နောက်ထပ် ခက် ခဲတဲ့ပွဲတစ် ပွဲဖြစ်ဦးမှာပါ”

Source – Mirror 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။