မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဆိုစီဒက်အသင်းကို ရီးရဲလ်မက်ဒရစ်အသင်း က ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အနိုင် ၃ မှတ်ကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။စီရော်နယ်ဒို ၊ဘင်ဇီမာ မပါဝင်နိုင်ခဲ့ပေမဲ့ အဝေးကွင်းမှာ ရီးရဲလ်မက်ဒရစ်အသင်းက လိုအပ်နေတဲ့ အနိုင်သုံးမှတ်ကိုရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ယခုနိုင်ပွဲကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ အဆင့် ၄ နေရာမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။

ဆိုစီဒက်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ကာနာလက် ၊ဂျာနူဇက် ၊ ဝီလီယံ၊ အီလာရာမန်ဒီ စတဲ့ ကစားသမားတွေကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ အသက် ၂၀ သာရှိသေးတဲ့ လူငယ်ကစားသမား မာရိုရယ် ကို ထည့်သွင်းကစားခဲ့ပြီး အဆန်စီယို ၊ဂါရတ်ဘေးလ်း၊ မိုဒရစ် ၊အစ္စကို ၊ ကတ်စမဲရိုး၊ တို့နဲ့ ပွဲထွက်လာခဲ့တာလည်းဖြစ်ပါတယ်။ဆိုစီဒက်အသင်းဟာ အိမ်ကွင်းမှာရီးရဲလ်မက်ဒရစ်အသင်းကို မာမာထန်ထန် တုံ့ပြန်ကစားခဲ့ပေမဲ့ ရီးရဲလ်မက်ဒရစ်အသင်းက ရရှိလာတဲ့ အခွင့်အရေးကို အကောင်းဆုံးအသုံးချနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းအတွက် အဖွင့်ဂိုးကိုတော့ ၁၈ မိနစ်မှာ မာရိုရယ်က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၂၈ မိနစ်မှာတော့ ဆိုစီဒက်အသင်းအတွက် ချေပဂိုးကို ရိုဒရီဂွက်က ကန်သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၃၆ မိနစ်မှာတော့ မာရိုရယ်ရဲ့ ဖြတ်တင်ပေးမှုကနေ ဆိုစီဒက်ကစားသမား ရိုဒရီဂွက်က ကိုယ့်ဂိုးကို သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။ပထမပိုင်းအပြီးမှာ ရီးရဲလ်မက်ဒရစ် အသင်းက ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယပိုင်းပြန်စလို့ ၆၁ မိနစ်မှာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် အနိုင်သေချာစေမဲ့ဂိုးကို ဂါရတ်ဘေလ်း ကသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။