တနင်္ဂနွေညကတော့ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်(၅)ကို ကစားခဲ့ကြပါတယ်။ အဆိုပါ ပွဲတွေထဲမှာတော့ လန်ဒန်ဒါဘီပွဲစဉ်ကောင်းတစ်ခု ပါ၀င်လာပါတယ်။ အာဆင်နယ်နှင့်ချယ်ဆီးတို့ ယှဉ်ပြိုင်ကစားခဲ့ကြတာပါ။ ချယ်ဆီးတို့ကတော့ ရာသီ အဖွင့်ပွဲမှာ အာဆင်နယ်ကို ကွန်မြူနတီဒိုင်းမှာ ရှုံးနိမ့်ခဲ့ပါတယ်။

ချယ်ဆီးနှင့်အာဆင်နယ်တို့၏ ပွဲကတော့ ပွဲစတယ်ဆိ်ုတာနှင့် ဘတစ်ပြန် ကျားတစ်ပြန် ကစားခဲ့ပါတယ်။ သိူ့သော် ချယ်ဆီးအသင်းတိုက်စစ်ကတော့ ညံံနေခဲ့ပါတယ်။ အာဆင်နယ်ဘက်က အပိုင်အလုံးများစွာရခဲ့ပေမယ့် ဂိုးမရခဲ့ပါဘူး။ ပွဲပြီးခါနီးမှာ ချယ်ဆီးဘက်က ဒေးဗစ်လူစ် အနီနှင့်ထွက်ခဲ့ရပေမယ့် အာဆင်နယ်တို့ အခွင့်ကောင်းမယူနိုင်ခဲ့ပါဘူး။ ဒါ့ကြောင့် ပွဲအပြီးမှာ ဂိုးမရှိ သရေရလဒ်ဖြင့်သာ ပွဲပြီးခဲ့ပါတယ်။

ဒါပေမယ့် နည်းပြကွန်တီရဲ့လက်အောက် ချဲလ်ဆီးအသင်းကိုပထမဦးဆုံးအကြိမ်အိမ်ကွင်းမှာ ဂိုးပေါက်ပျောက်အောင် အာဆင်နယ်က စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာနည်းပြအန်တိုနီယိုကွန်တီရဲ့လက်အောက်မှာပရီးမီးယားလိဂ်ချန်ပီယံအသင်းကိုအိမ်ကွင်းစတန်းဖို့ဘရစ်ချ်မှာဂိုးမပေးရအောင်စွမ်းဆောင်နိုင်ခဲ့တဲ့ပထမဦးဆုံးအသင်းဖြစ်လာခဲ့ပါတယ်။ အာဆင်နယ်ကိုဂိုးမသွင်းယူနိုင်ခဲ့တဲ့ချဲလ်ဆီးဟာပြီးခဲ့တဲ့ရာသီကအသင်းကိုစတင်ကိုင်တွယ်ခဲ့တဲ့နည်းပြကွန်တီရဲ့လက်အောင်အိမ်ကွင်း၂၇ပွဲမှာပထမဦးဆုံးအကြိမ်ဂိုးမရှိခဲ့တာပဲဖြစ်ပါတယ်။ အာဆင်နယ်ဟာစတန်းဖို့ဘရစ်ချ်မှာခံစစ်ပိုင်းမှတ်တမ်းကောင်းမွန်မှုမရှိခဲ့ဘဲယခုပွဲမတိုင်မီ ပြီးခဲ့တဲ့ ၁၂ပွဲမှာပွဲတိုင်းဂိုးပေးခဲ့ရပြီး နောက်ဆုံး၈ပွဲမှာအနည်းဆုံး၂ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။ ချဲလ်ဆီးနဲ့အာဆင်နယ်တို့ဟာလွန်ခဲ့တဲ့၂၀၀၅ခုနှစ်ဧပြီလနောက်ပိုင်းပထမဦးဆုံးအကြိမ် ဂိုးမရှိသရေကျခဲ့တာဖြစ်ပါတယ်။

Source – Mirror  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။