တနင်္ဂနွေညကတော့ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်(၅)ကို ကစားခဲ့ကြပါတယ်။ အဆိုပါ ပွဲတွေထဲမှာတော့ လန်ဒန်ဒါဘီပွဲစဉ်ကောင်းတစ်ခု ပါ၀င်လာပါတယ်။ အာဆင်နယ်နှင့်ချယ်ဆီးတို့ ယှဉ်ပြိုင်ကစားခဲ့ကြတာပါ။ ချယ်ဆီးတို့ကတော့ ရာသီ အဖွင့်ပွဲမှာ အာဆင်နယ်ကို ကွန်မြူနတီဒိုင်းမှာ ရှုံးနိမ့်ခဲ့ပါတယ်။

ချယ်ဆီးနှင့်အာဆင်နယ်တို့၏ ပွဲကတော့ ပွဲစတယ်ဆိ်ုတာနှင့် ဘတစ်ပြန် ကျားတစ်ပြန် ကစားခဲ့ပါတယ်။ သိူ့သော် ချယ်ဆီးအသင်းတိုက်စစ်ကတော့ ညံံနေခဲ့ပါတယ်။ အာဆင်နယ်ဘက်က အပိုင်အလုံးများစွာရခဲ့ပေမယ့် ဂိုးမရခဲ့ပါဘူး။ ပွဲပြီးခါနီးမှာ ချယ်ဆီးဘက်က ဒေးဗစ်လူစ် အနီနှင့်ထွက်ခဲ့ရပေမယ့် အာဆင်နယ်တို့ အခွင့်ကောင်းမယူနိုင်ခဲ့ပါဘူး။ ဒါ့ကြောင့် ပွဲအပြီးမှာ ဂိုးမရှိ သရေရလဒ်ဖြင့်သာ ပွဲပြီးခဲ့ပါတယ်။

အာဆင်နယ်နည်းပြအာဆင်ဝင်းဂါးက၎င်းရဲ့အသင်းအနေနဲ့မနေ့ညကချဲလ်ဆီးကိုအဝေးကွင်းမှာသရေကစားနိုင်ခဲ့ပြီးစတန်းဖို့ဘရစ်ချ်မှာနောက်ဆုံးငါးပွဲဆက်ရှုံးနိမ့်နေမှုကိုအဆုံးသတ်နိုင်ခဲ့တဲ့အတွက်အသင်းရဲ့တုန့်ပြန်မှုကိုချီးကျူးလိုက်ပါတယ်။ ဝင်းဂါးက "ဒီပွဲဟာနှစ်သင်းစလုံးအတွက်ပြိုင်ဆိုင်မှုပြင်းထန်လှတဲ့ပွဲဖြစ်ပြီးတစ်ကွင်းလုံးမှာတိုက်ပွဲတွေနဲ့ပါ။ အသင်းအနေနဲ့ဒီလိုတုန့်ပြန်မှုကိုပြသတာကျွန်တော်နှစ်သက်ပါတယ်။ ကျွန်တော်တို့အမှတ်ရဖို့ထိုက်တန်ပြီးကံပိုကောင်းခဲ့မယ်ဆိုရင်တစ်ဂိုး နှစ်ဂိုးလောက်နဲ့အနိုင်ရနိုင်ပါတယ်။ ဒါပေမယ့်မရှံုးတာအရေးကြီးပါတယ်။ ပွဲပြီးခါနီးနောက်ဆုံးမိနစ်၂၀မှာဒါကိုတွေ့နိုင်ပါတယ်။ ကျွန်တော်တို့ဟာချဲလ်ဆီးကိုအက်ဖ်အေဖလားမှာအနိုင်ယူဗိုလ်စွဲခဲ့တယ်ဆိုတာလူတွေမေ့နေပါတယ်။ အသင်းရဲ့အရည်အသွေးတွေကိုပြသခဲ့ပြီးသားပါ။ ဖလားအတွက်တိုက်ပွဲဝင်ရပြီးဆိုရင်ရာနှုန်းပြည့်ပေးဆပ်ကြပါတယ်။ အမှတ်ပေးဖလားမှာတော့မတူပါဘူး။ အိမ်ကွင်းကစားရတဲ့အခါနိုင်ပွဲတွေရဖို့အားလုံးမျှော်လင့်ထားကြပါတယ်။ လီဗာပူးနဲ့ပွဲကခြေစွမ်းနဲ့ဆိုရင်ဝေဖန်မှုတွေနဲ့ထိုက်တန်ပါတယ်။ ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ခံယူချက်နဲ့အားထုတ်မှုတွေဟာဒီလိုပုံစံကောင်းထွက်ပေါ်လာဖို့အဓိကကျခဲ့ပြီးကျွန်တော်တို့လုပ်နိုင်ခဲ့ပါတယ်။" လို့ပြောသွားပါတယ်။

Source – Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။