တနင်္ဂနွေညကတော့ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်(၅)ကို ကစားခဲ့ကြပါတယ်။ မန်ချက်စတာယူနိုင်တက်ကတော့ အဲဗာတန်အသင်းနှင့် ကစားခဲ့ရပါတယ်။ အဲဗာတန် အသင်းမှာတော့ မန်ချက်စတာယူနိုင်တက်၏ ဂန္တာဝင်ကစားသမား ရွန်းနီက ပွဲထွက်ပါ၀င်လာပါတယ်။ မန်ချက်စတာယူနိုင်တက်ကတော့ လူကာကူ၊ရက်ဖိုနှင့် အမ်ခီတာရန်းတို့ကိုတိုက်စစ်ထားကာထွက်လာပါတယ်။ ပွဲစ၍မကြာခင်မှာဘဲ မန်ချက်စတာယူနိုင်တက်အတွက် ဦးဆောင်ဂိုးကို ပွဲချိန်(၄)မိနစ်မှာ ဗလင်စီယာက လှလှပပ ကန်သွင်းယူခဲ့ပါတယ်။ 

သို့သော် ပွဲချိန် ၈၂မိနစ်မှာ အဲဗာတန်အသင်းက ရွန်းနီကို လူစားလဲထုတ်ခဲ့ပါတယ်။ ရွန်းနီထွက်ပြီးနောက်မှာတော့ မန်ချက်စတာယူနိုင်တက်က တိုက်စစ်ဖွင့်ကစားနိုင်ခဲ့ပါတယ်။ ပွဲချိန် ၈၃မိနစ်မှာ အမ်ခီတာရန်းက လူကာကူရဲ့ပေးပို့မှုကနေ ဂိုးသွင်းခဲ့ပါတယ်။ ဒါ့အပြင် လူကာကူက ပွဲချိန် ၈၉မိနစ်မှာ တတိယဦးဆောင်ဂိုးကို သွင်းခဲ့ပါတယ်။ ပွဲပြီးခါနီးမှာတော့ မာရှယ်က ပင်နယ်တီကနေ ၄ဂိ်ုးမြောက် ဦးဆောင်ဂိုးကို သွင်းခဲ့ပါတယ်။ ဒါကြောင့် မန်ချက်စတာယူနိုင်တက်က အဲဗာတန်ကို ၄-၀ ရလဒ်ဖြင့် အနိုင်ရကာ ဇယားထိပ်ဆုံးတွင် မန်စီးတီးနှင့် ဂိုးကွာခြားချက် ရမှတ်တူဖြင့် ရပ်တည်နေပါတယ်။  

ပွဲအပြီးမှာတော့ မော်ရင်ဟိုက ရွန်းနီအနေနဲ့အနာဂတ်မှာမန်ချက်စတာယူနိုက်တက်ကိုပြန်လာလိမ့်မယ်လို့ခန့်မှန်းလိုက်ပြီးမနေ့ညကအဲဗာတန်ကို၄ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့တဲ့ပွဲမှာမန်ယူအသင်းပရိတ်သတ်တွေအိုးထရပ်ဖို့ဒ်မှာရွန်းနီကိုနွေးထွေးစွာကြိုဆိုကြတာကိုမြင်ရတာမအံ့သြမိဘူးလို့ပြောသွားပါတယ်။ မော်ရင်ဟိုက "ရွန်းနီကိုလေးစားမှုရှိဖို့ကျွန်တော်တောင်းဆိုစရာမလိုအပ်ပါဘူး။ ကစားသမားတစ်ဦးဟာကလပ်အသင်းအတွက်ကြီးကြယ်တဲ့သူဖြစ်ခဲ့ပြီးကလပ်ရဲ့သမိုင်းမှာအရေးကြီးဆုံးအစိတ်အပိုင်းမှာပါဝင်ခဲ့တယ်ဆိုရင် ဒီလိုကြိုဆိုပြီးလေးစားမှုပြတာအင်္ဂလိပ်ပရိတ်သတ်တွေ အသင်းကြီးတွေရဲ့သဘာဝပါ။ ကျွန်တော်ကတော့အင်္ဂလန်အသင်းတိုင်းမှာဒီလိုရှိတယ်လို့ထင်ပါတယ်။ ကျွန်တော်ကတော့စတန်းဖို့ဘရစ်ချ်နဲ့အိုးထရပ်ဖို့ဒ်အကြောင်းကိုသာပြောတာဖြစ်ပြီး ဒီကွင်းတွေဟာကစားသမားဟောင်းတွေပြန်လာတဲ့အခါပုံမှန်အားဖြင့်အ့ံဖွယ်ကြိုဆိုကြပါတယ်။ အံ့သြစရာတော့မရှိပါဘူး။ သူဟာအိမ်ကိုခဏရောက်လာခဲ့တာဖြစ်ပြီးတစ်နေ့မှာတော့သူဒီကိုပြန်လာလိမ့်မယ်လို့ယုံကြည်ပါတယ်။" လို့ပြောသွားပါတယ်။

Source – Mirror  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။