၀မ်းပျက်၊ ၀မ်းလျောတယ်ဆိုတာ လူတိုင်းနီးပါး ကြုံဖူးကြပါတယ်။ တစ်ခါတစ်လေဆို ကျောင်း၊ အလုပ် ပျက်ရတဲ့ အထိတောင်မှ ခံစားရပါတယ်။ များသောအားဖြင့်တော့ ၀မ်းပျက်တယ်ဆိုတာ အချဉ်ဓာတ် များတဲ့ အစားအသောက်တွေ စားမိတယ်လို့ပဲ ယူဆကြပါတယ်။ ဒါပေမဲ့ တစ်ခါတစ်လေမှာတော့ အချဉ် မစားမိပါဘဲ ၀မ်းပျက်ခြင်းကို ခံစားရနိုင်ပါတယ်။ ဘာတွေကြောင့် ဒီလို ၀မ်းပျက်၊ ၀မ်းလျောခြင်းတွေ ဖြစ်ရတာလဲ??? ဘာတွေကို ဂရုစိုက်ရမလဲ??? ဘယ်လို ကုသနိုင်သလဲ??? စသည်ဖြင့် သိရှိစေရန် ရည်ရွယ်ပြီး ဒီအကြောင်းအရာလေးကို တင်ဆက်ပေးလိုက်ပါတယ်။

ဘယ်လို ကုသရမလဲ ???

- ဓာတ်ဆားရည် သောက်ပေးပါ။ (ကျိုချက် မသောက်ရပါ။) အညွှန်းအတိုင်း သေချာစွာ သောက်သုံးပါ။

- ရေကို ကျိုချက်ပြီးနောက် ရေကျက်အေး သောက်သုံးပါ။

- လိုအပ်လျှင် အကြောဆေးသွင်းပါ။

- ကောင်းမွန်စွာ အနားယူပါ။

- အဟာရဖြစ်စေသော အစားအသောက်များကို ဆရာဝန် ညွန်ကြားတဲ့ အတိုင်း စားသုံးပါ။

- ဆရာဝန်ညွှန်ကြားချက်အတိုင်း ပဋိဇီဝ ဆေးဝါးများကို သောက်ပါ။

- ဘာကြောင့် ၀မ်းပျက်ရလဲ ဆိုတဲ့ အကြောင်းရင်းရှာပြီး ထိုအချက်များကို ရှောင်ကြဉ်ပါ။

ဘယ်အချက်တွေ ဂရုစိုက်ရမလဲ ???

တစ်ခါတစ်လေမှာ ၀မ်းအရည်သွားခြင်းအပြင် ၀မ်းမှာ သွေးပါတာမျိုး၊ ကိုယ်အပူချိန်တက်လာတာ 102 ံF အထိ ဖြစ်လာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဗိုက်အောင့်၊ ဗိုက်နာ၊ အသားအရည် ခမ်းခြောက်တာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်မှာ ရေဓါတ်ခမ်းခြောက်မှု များသွားရင် အသက်အန ္တရာယ်အထိ စိုးရိမ်ရပါတယ်။ ဒါ့ကြောင့် ၀မ်းပျက် ၀မ်းလျောဖြစ်ခဲ့ရင် အချိန်ဆွဲမနေဘဲ အမြန်ကုသဖို့လိုပါတယ်။ ၀မ်းပျက်၊ ၀မ်းလျော ဖြစ်စေနိုင်တဲ့ အချက်များကို အထူးဂရုစိုက် ရှောင်ကြဉ်ဖို့ တိုက်တွန်းချင်ပါတယ်။

အားလုံးပဲ ကျန်းမာလှပသော ဘဝလေးကိုပိုင်ဆိုင်ပြီး ချမ်းသာသုခများ ရကြပါစေရှင် … ။

Source: HealthFit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။