မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ပြင်သစ်လိဂ်ဂူးပွဲစဉ်မှာ PSG အသင်းက လိုင်ယွန်အသင်းကို ၂ ဂိုး ၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အနိုင် ၃ မှတ်ကိုရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။PSG အသင်းဟာ ရာနူန်းပြည့်နိုင်ပွဲရယူထားနိုင်ခဲ့တာဖြစ်ပြီး အဆင့် ၁ နေရာမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။ဒီနေပွဲရဲ့ ထူးခြားချက်ကတော့ PSG ရရှိခဲ့တဲ့ နှစ်ဂိုးလုံးဟာ လိုင်ယွန်ကစားသမားတွေ ကိုယ့်ဂိုးကို သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ 

PSG အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ နေမာ၊ ကာဗာနီ ၊ အမ်ဘတ်ပီ၊ သီယာဂိုမော်တာ၊ ဒရက်ဇလာ ၊ ရာဘီယော့ တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။လိုင်ယွန်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဒိုင်ယက်၊ ထရာအိုရီ၊ ဒီပေး၊ ဖာကီရီ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။PSG အသင်းဟာ လိုင်ယွန်အသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ တဖက်သတ်ဖိအားပေးတိုက်စစ်ဆင်ခဲ့တာလည်းဖြစ်ပါတယ်။

ပထမပိုင်းမှာ PSG အသင်းနဲ့ လိုင်ယွန်အသင်းတို့ဟာ ဂိုးမရှိသရေရလဒ်နဲ့ ပြီးဆုံးခဲ့တာလည်းဖြစ်ပါတယ်။PSG အသင်းအတွက်အဖွင့် ဂိုးကို ဒုတိယပိုင်း ၇၅ မိနစ်မှာ စတင်ရရှိခဲ့တာဖြစ်ပြီး ဒီဂိုးကိုတော့ လိုင်ယွန်ကစားသမား မာဆယ်လိုက ကိုယ့်ဂိုးကိုသွင်းယူမိခဲ့တာလည်းဖြစ်ပါတယ်။PSG အသင်းအတွက် ဒုတိယဂိုးကိုတော့ ၈၆ မိနစ်မှာ မိုရယ်က ကိုယ့်ဂိုးကို သွင်းယူပေးခဲ့တာပဲဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။