လက်ရှိအချိန်တွင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းတွင် အဓိကရုဏ်းများဖြစ်ပွားလျက်ရှိသည်။ ထိုကဲ့သို့ ဖြစ်ပွားခြင်းများနှင့်ပတ်သတ်၍ ကုလသမဂ္ဂအပါအဝင် နိုင်ငံအချို့က မြန်မာနိုင်ငံကို ဖိအားပေးလျက်ရှိသည်။ ရခိုင်ပြည်နယ် မောင်တော အကြမ်းဖက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံ တကာမှ မြန်မာအစိုးရအား ဖိအားပေးမှုများကို ရပ်တန့်ရန်နှင့် အကြမ်း ဖက်မှုများကို ဖြေရှင်းနေသည့် မြန်မာအစိုးရ၊ ဒေါ်အောင်ဆန်းစုကြည်နှင့်တပ်မတော်၏ ဆောင်ရွက်ချက်များကို ထောက်ခံသည့်အနေဖြင့်လန်ဒန်မြို့ရှိ ဓနသဟာယရုံးရှေ့၌ အင်္ဂလန်နိုင်ငံရောက် မြန်မာများက ထောက်ခံ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

မောင်တောခရိုင်အတွင်း ဖြစ်ပွားလျက်ရှိသည့်အကြမ်းဖက်ဖြစ်စဉ်များနှင့် ပတ်သက်ပြီး မမှန်သတင်းများ ဖော်ပြရေးသားနေသည်ဟုဆိုသည့် BBC,VOA,RFA အစရှိသည့် မီဒီယာများကိုပါကန့်ကွက်ခဲ့ကြသည်။ အင်္ဂလန်နိုင်ငံ အနှံ့အပြားတွင် နေထိုင်သည့် မြန်မာနိုင်ငံသားများ စုပေါင်းကာ လူ ၁ဝဝ ကျော် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။ လန်ဒန်မြို့ရှိ နိုင်ငံခြားရေးနှင့် ဓနသဟာယရုံး အရှေ့ဘက်တွင်စက်တင်ဘာ ၁၅ ရက် နေ့လယ်ပိုင်းက အင်္ဂလန်ရောက် မြန်မာနိုင်ငံသားများက ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။  

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ဓာတ်ပုံများ ကိုင်ဆောင်ကာ မြန်မာနိုင်ငံတော် အမျိုးသားသီချင်းများကို စုပေါင်း သီဆို၍ ဆန္ဒပြခဲ့ကြသည်။ ထို့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် အတူတကွ လက်တွုသွားမည့် ပိုစတာများ ၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ချောမွေ့စေရေး ပိုစတာ များ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အကြမ်းဖက် သမားများအား ထောက် ခံပေးမှုများကို ရပ်ဆိုင်းရန် BBC Burmese,RFA,VOA are Lying အစရှိသည့် ပိုစတာများကို ကိုင်ဆောင်၍ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Source – Myanmar Times 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။