အကြမ်းဖက်သမားများ လက်နက်နှင့် လူအင်အားစုစည်းနေကြောင်း သတင်းထပ်မံရရှိထားပါတယ်။အမှတ်(၁)နယ်ခြား စောင့် ရဲကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင်က မောင်တောဒေသတွင် အကြမ်းဖက်သမားများ လက်နက်နှင့် လူအင်အားစုစည်းနေသည့်သတင်းများ ထပ်မံရရှိထား ကြောင်းပြောကြားခဲ့ပါတယ်။အဆိုပါ အကြမ်းဖက်သမားများ လက်နက်နှင့် လူအင်အားစုစည်းနေကြောင်းသတင်းများကြောင့် လုံခြုံရေးအဖွဲ့အစည်းများဆောင် ရွက်ရမည့် လုပ်ငန်းများ လုပ် ဆောင်နေကြောင်းလည်းသိရပါတယ်။

ရဲမှူးချုပ် သူရစန်းလွင်က ‘‘လူစုဖွဲ့တယ်လို့ လက်နက် ခဲယမ်းတွေ ခိုးသွင်းတယ်။ ဒါမျိုး ပေါ့။ နောက်ပြီးတော့ သူတို့တွေ လက်နက်ခဲယမ်းတွေကို သူတို့ အစောင့်ထားပြီးတော့ တချို့နေ ရာတွေမှာ ဝှက်ပြီးတော့ အရပ် သားတွေနဲ့ အသွင်ယူနေတယ်။ ဒီလိုမျိုးတွေ သတင်းတွေပေါ့ကွာ။မှန်တာလည်း ရှိမယ်၊ မှားတာ လည်းရှိမယ်။ သတင်းဆိုတာ မှန် သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ဒီ က ရတဲ့ သတင်းပေါ့’’ဟုပြောကြားခဲ့ပါတယ်။ARSA ၏တစ်လကြာ အပစ် ရပ်စဲကြောင်း ကြေညာသည့်နေ့၌ ပင် အကြမ်းဖက်သမားများနှင့် ညှိနှိုင်းဆောင်ရွက်ရန် မူဝါဒမရှိ ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က၎င်း၏တွစ်တာစာမျက်နှာ၌ ရေးသားဖော်ပြသည်။ 

အကြမ်းဖက်မှုများဟာ သြဂုတ် ၂၅ ရက်က စတင်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်နှင့် ဝန်ထမ်း ၁၅ ဦး၊ အရပ်သား ၂၈ ဦး သေဆုံးခဲ့ကြောင်း အစိုးရက သတင်း ထုတ်ပြန်ခဲ့ပါတယ်။သတင်းထုတ်ပြန် ချက်များအရ သြဂုတ် ၂၅ ရက်မှ စတင်ဘာ ၅ ရက်အထိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက် အဖွဲ့များအကြား ထိတွေ့တိုက် ခိုက်မှု အကြိမ် ၁၀၀ ခန့် ဖြစ်ပွားခဲ့ရာ အကြမ်းဖက်သမား ၃၈၀ ကျော် အသေရရှိကာ ၅၀ ကျော် ဖမ်းဆီးရမိတယ်လို့လည်းသိရပါတယ်။

သတင်းအရင်းအမြစ်-Yawthama

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။