ရေပူနှင့်မရမ်းချောင်အမြဲ တမ်းစစ်ဆေးရေးစခန်းတို့ကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ မတ် ၁ ရက်က စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့တာဖြစ်ပြီးစက်တင်ဘာ ၁၆ ရက်က မ္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၃၃၁ စီး၊ သွင်းကုန်အစီး ၃၅ဝ၊ ရန်ကုန်-မြဝတီလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၄၄ စီး ၊ သွင်းကုန် ၁၇၇ စီး ကုန်စည်များ သယ်ယူပို့ဆောင်လျက်ရှိတယ်လို့သိရပါတယ်။

ရေပူနှင့်မရမ်းချောင်အမြဲ တမ်းစစ်ဆေးရေးစခန်းများက တင်သွင်း/ တင်ပို့သော ကုန်ပစ္စည်းများကို စစ်ဆေးမှုပြုလုပ်ဆောင်ရွက်လျက်ရှိနေတာဖြစ်ပါတယ်။ စက်တင်ဘာ ၁၆ ရက် ရေပူအမြဲတမ်းစစ်ဆေး ရေးစခန်းက တားဆီးမှုခြောက်မှု ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃ ဒသမ ၂၂၆ သန်းခန့်၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှု ၁၂ မှု ခန့်မှန်း တန်ဖိုးငွေကျပ် ၁၄၉ ဒသမ ၈၂၂ သန်းခန့် စုစုပေါင်း တားဆီးမှု ၁၈ မှု ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၃ ဒသမ ဝ၄၈ သန်းခန့်အား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါတယ်။

စက်တင်ဘာ ၁၆ ရက် က ထူးခြားဖမ်းဆီးမှုအနေဖြင့် ရန်ကုန်သို့သွားရောက်မည့် ခရီးသည်တင် Zhong Tong အမျိုးအစားယာဉ်အား စစ်ဆေးဆောင်ရွက်စဉ် ယာဉ်၏အောက်ယာဘက်နေရာ မှ ရန်ကုန် အောင်ဆန်းကွင်းကားဂိတ်သို့ ကိုဝဏ္ဏအမည်ဖြင့် အမှတ်အသားရေးသားထားသည့် အဝါရောင်ကတ်ထူဘူးအတွင်းမှ Gasအသုံးပြု သည့် ခြောက်လုံးပြူးသေနတ် လေးလက်၊ Gas အသုံးပြုသည့် ပစ္စတိုသေနတ် တစ်လက်၊ ကျည်အတောင့် ၆ဝ နှင့် ဆက်စပ်ပစ္စည်းများကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။ယခုလို စစ်ဆေးတွေ့ရှိချက်ကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်းအရင်းအမြစ်-မြန်မာအလင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။