သရုပ်ဆောင် စည်သူမောင်ဟာ မြန်မာဘောလုံးအသင်းတွေကို ပြည်တွင်းပွဲတွေမှာသာမက ပြည်ပ ပွဲတွေအထိပါ လိုက်လံအားပေးတတ်သူ တစ်ယောက်ဖြစ်ပါတယ်။ စက်တင်ဘာ(၁၅)ရက်နေ့ မြန်မာ-မလေးရှား ပွဲစဉ်မှာ U-18 မြန်မာ ဘောလုံးအသင်းရဲ့ ရှုံးပွဲတွေကြောင့် အားမလို အားမရဖြစ်ပြီး သူအသုံးပြုတဲ့ fb စာမျက်နှာမှာ ဥပမာတစ်ခုနဲ့ အခုလို ရေးသားထားပါတယ်။

“စကားပုံလေး တစ်ခု သွားသတိရတယ်..

ထန်းရည်မူးရင် ထန်းပင်ဆို လှည့်ကို မကြည့်ချင်တော့တာ ဒါပေမယ့် အအမူးပြေတော့လည်း အမှတ်မရှိ ထန်းရည်ပင်အောက် ပြန်ရောက်ရတာပဲ…

Sea Game တုန်းက အမူးလွန်သွားလို့ ခုမှ အမူးပြေလို့ U-18 အားပေးလိုက်ပါတယ်။ ခုလည်း မူးပြန်ပြီဗျာ….

ဟုတ်ကဲ့ အမူးပြေတဲ့နေ့ မြန်မာဘောလုံးအသင်းကန်တဲ့နေ့ ထန်းရည်ပင်အောက် (အဲ..ဆောရီး) ဘောလုံးကွင်းထဲကို ပြန်ရောက်ပါဦးမယ်..။ ကဲ ခုတော့ မူးပြီဗျာ… လှည့်ကိုမကြည့်နိုင်တော့တာပဲ..။” ဟု ရေးသားထားတာ ဖြစ်ပါတယ်။

သရုပ်ဆောင် စည်သူမောင်ဟာ သရုပ်ဆောင် တစ်ယောက်အပြင် အောင်မြင်တဲ့ အစဉ်အစီ တင်ဆက်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ စည်သူမောင်ဟာ အားကစား ဝါသနာပါပြီး မြန်မာ ဘောလုံးအသင်းကိုလည်း အနယ်နယ်အရပ်ရပ်လိုက်ပံံ့အားပေးတဲ့ အားကစား ဝါသနာရှင် တစ်ယောက်လည်း ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။