မိန်းးကလေးတွေကတော့ ယောကျ်ားလေးတွေထက်လျို့ဝှက်ချက်ပိုများတာပေါ့။မိန်းကလေးတွေအနေနဲအလှအပအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးကအဓိကကျပေမယ့် နေ့စဉ်အသုံးပြုနေတယ့်အသုံးအဆောင်တွေကလည်း အရေးကြီးတယ့်အခန်းကဏ္ဍတစ်ခုပါ။ဒါကြောင့် လွယ်ကူရိုးရှင်းပြီး နေ့စဉ် ဘဝ အခက်အခဲ များကို ကောင်းမွန်စွာဖြေရှင်းနိုင်မယ့် အသုံးဝင်တဲ့ လျှို့ဝှက်ချက်လေးတွေကိုပြောခဲ့မယ်နော်။

(၁) ရေမွှေး နံ့ အမြဲသင်းနေဖို့

ရေမွှေးနံ့အမြဲသင်းနေဖို့ဆိုရင်တော့

ရေမွှေး စွတ်မယ့်နေရာမှာ အလှဆီ (သို့) Vaseline နည်းနည်းပွတ်ပေးဖို့လိုပါတယ်။ဒါဟာ ရမွှေး မှာပါဝင်တဲ့ဓာတုဗေဒပစ္စည်းတွေကို ပိုမိုစွဲစေပြီး တစ်နေကုန်သင်းပျံ့နေစေမှာပါ။ 

(၂) Fancy လက်ဝတ်ရတနာ တွေ အရောင်မလွင့်စေဖို့

Fancy လက်ဝတ်ရတနာ တွေ အရောင်မလွင့်စေဖို့ဆိုရင်တော့ Fancy ပစ္စည်းမဝတ်ခင် အသားနဲ့ ထိမယ့်နေရာမှာ လက်သည်းနီအကြည် (သို့) Base Coat တစ်ထပ်လောက်ဆိုးပေးပါ။ ဒီလိုလုပ်ခြင်းအားဖြင့် အသားနဲ့ ထိတဲ့အခါမှာ ယားယံခြင်း၊ အဖုထခြင်းတို့လည်း မဖြစ်တော့ပါဘူး။ 

(၃) ဖိနပ် အသစ်မို့ဝတ်ရတာ ကြပ်နေတယ်ဆိုရင်

ဖိနပ် အသစ်မို့ဝတ်ရတာ ကြပ်နေတယ်ဆိုရင်တော့ ရေခဲတုံး ၃ ၄ တုံးကို ပလပ်စတစ်အိတ်ထဲထည့်ပါ။ ပြီးရင် ပလပ်စတစ်အိတ်ကို ဖိနပ် ထဲထည့်လိုက်ပါ။ ရေခဲသေတ္တာ ထဲ တစ်ညလောက်သိပ်ထားပေးပြီးရင် စီးလို့ရပါပြီ။ 

(၄) အိုင်းရှဲဒိုး နဲ့ဆင်တူ နှုတ်ခမ်းနီလေးဆိုးမယ်ဆိုရင်

အိုင်းရှဲဒိုး နဲ့ဆင်တူ နှုတ်ခမ်းနီလေးဆိုးမယ်ဆိုရင်တော့ ဘူးသေးသေး တစ်ဘူး၊ ခြေထားတဲ့ အိုင်းရှဲဒိုး ၊ Lip Balm နဲ့ အုန်းဆီ ရှိရင်ရပါပြီ။ အကုန်လုံးကို ဘူးထဲထည့်၊ Microwave ထဲမှာ အပူပေးလိုက်ပါ။ ဘူးကို ရေခဲသေတ္တာထဲမှာ ထည့်ထားပါ။ တစ်ညထည့်ပြီးရင်ဆိုးလို့ရပါပြီ။ 

(၅) နားကပ် တွေတစ်ဖက်ဆီပျောက်မသွားရအောင်

နားကပ် တွေတစ်ဖက်ဆီပျောက်မသွားရအောင်ဆိုရင်တော့ ကြယ်သီး လေးတွေနဲ့ တွဲပြီးထားလိုက်ရင် နားကပ် ပျောက်လို့ ခေါင်းတောက်အောင် ရှာနေစရာမလိုတော့ဘူးပေါ့။ 

သတင်းအရင်းအမြစ်-လွင်ပြင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။