ကလေးတွေကို အပြစ်ပေးတဲ့နေရာမှာ အာရှတိုက်မှ မိဘအများစုဟာ ကလေးကို စိတ်ထဲမှာရှက်သွားအောင်၊ ကြောက်သွားအောင် မှတ်လောက်သားလောက်ရှိစေ သဘောမျိုးနဲ့ အပြစ်ပေးတတ်ကြပါတယ်။ ဒါဟာမှန်ကန်တဲ့နည်းလမ်း မဟုတ်ပါဘူး။ ဒီမိခင်တစ်ဦးရဲ့ အပြစ်ပေးပုံဟာ အွန်လိုင်းအသုံးပြုသူတွေကြားမှာ ပြန့်နှံ့လာခဲ့ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ခံခဲ့ရပါတယ်။

ဒီအဖြစ်အပျက်ဟာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ဖြစ်ခဲတာဖြစ်ပြီး အသက်ရှစ်နှစ်အရွာ် ကလေးမလေးကို မိခင်ကနေ ကျောင်းမသွားချင်ဘဲ ဂျစ်ကန်ကန်လုပ်တဲ့ အပြုအမူတွေကြောင့် အပြစ်ပေးတဲ့အနေနဲ့ လမ်းဘေးမီးတိုင်မှာ သံကြိုးနဲ့ခတ်ထားခဲ့တာပါ။

ဒီအဖြစ်အပျက်ကိုမြင်တဲ့ အနီးအနားပတ်ဝန်းကျင်ကလူတွေဟာ ဒေါသထွက်ခဲ့ကြပြီး ရဲကို ဖုန်းဆက်အကြောင်းကြားရာမှာ ရဲကနေ ချက်ချင်းအရေးယူပေးခဲ့ပါတယ်။ မိခင်ဖြစ်သူကို စခန်းမှာ စစ်ဆေးမေးမြန်းမှုတွေလုပ်တဲ့အခါ ကလေးကို ဆုံးမတာသက်သက်ဖြစ်တယ်လို့ ထွက်ဆိုခဲ့တာကြောင့် နောက်တစ်ခါဒီလိုမလုပ်ဖို့ Subang Jaya ပြည်နယ်ရဲဌာနကနေ ပြင်းပြင်းထန်ထန်သတိပေးပြီး ပြန်လွှတ်ခဲ့ပါတယ်။

ဒါနဲ့ပတ်သတ်ပြီး ဝေဖန်သူတွေက " ကလေးကို ဒီလိုလုပ်ပြီးထားခဲ့တော့ တကယ်လို့ ယုတ်မာတဲ့သူနဲ့ တွေ့ခဲ့တဲ့အခါ၊ ကလေးမလေးက ထွက်ပြေးနိုင်စရာအခွင့်အလမ်းမရှိဘူးလေ။ ပြုသမျှနုရမှာပဲ။ " ၊ " သံကြိုးနဲ့ချည်ခံထားရတဲ့အချိန် ကလေးလေးရဲ့စိတ်ထဲမှာ ဘယ်လိုတွေတွေးပြီး ဘယ်လောက်တောင်ဝမ်းနည်းနေမလဲဆိုတာကို စဉ်းစားလို့မရဲပါဘူး " စသဖြင့် ပြောကြားခဲ့ပါတယ်။

Source : viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။